part-9

4.1K 431 8
                                    

Unicode

အချစ်

မစားသုံးခင်တော့ အဖြူရောင်
စားသုံးပြီးနောက် မူးယစ်ဆေး
မူးရင်းယစ်မိတဲ့အခါ
မှီဝဲရင်း စွဲမြဲသွားတဲ့အခါ
ဖြတ်ဖို့ ခဲရင်းစွ.....

            ~ ~ ~ ~ ~ ~ ~ ~ ~ ~

"ဟဲလို"

ဖုန်းလက်ခံလိုက်တဲ့အချိန် ကြားလိုက်ရတဲ့ အသံချိုချိုလေး။

"ဟဲလို"

ဒုတိယမြောက် ခေါ်သံကြားမှ သတိကပ်ရပြန်သည်။ အသံနဲ့တောင် ပြုစားနိုင်သူရယ်ပါ။

"ကျန့်......"

"အသုံးအနှုန်းပြောင်းလို့ရမလား၊ ငါကမင်းထက် အကြီးနော်"

"အဟက်"

ရိပေါ် တစ်ချက်ရယ်မောမိသည်။ ဒေါသထွက်နေတာတဲ့လား။ ကိုယ်တိုင်မြင်ချင်မိသား။ ဒေါသထွက်နေမယ့် ပုံရိပ်လေးကို။

"ဘာရယ်တာလဲ"

"သဘောကျလို့ပါ၊ ကျန့်ပြောတဲ့စကားကို၊ ကျန့်လို့ခေါ်ရတာပဲ အဆင်ပြေမယ်ထင်တယ်"

"ပြောမရလဲ သဘောပဲ"

ဘာလဲ၊ ပြောစကားနားမထောင်လို့ လွှတ်ထားလိုက်ပြီဆိုတဲ့ သဘောလား။ ဒါမျိုးတော့ ဘယ်ရမလဲကျန့်ရာ။

"ကျန့်ကော၊ ရပြီလား အဲ့လောက်ဆို၊ ကိုကိုတို့ အကိုတို့ကျ အခုခေါ်ရတာ အဆင်မပြေလောက်ဘူး ထင်လို့"

"မင်း..."

"အင်း.. ကျွန်တော်လေ"

"ဖုန်းဆက်ထားတာတွေ့လို့၊ ဘာပြောစရာရှိလို့လဲ"

"ဘာလို့ ဖုန်းမကိုင်တာလဲ၊ အိပ်ပျော်နေတာလား"

"ရေချိုးခန်း ခနဝင်နေလို့"

"သြော်...ဘာရယ်မဟုတ်ဘူး၊ အသံလေးကြားချင်လို့"

"ကျစ်...အချိန်လည်းကြည့်အုံး၊ ဒီအချိန်ကြီးကို အသံကြားချင်တာနဲ့ ဖုန်းဆက်ရလား"

"မယုံလည်းနေ၊ ကျွန်တော်က အတည်ပြောနေတာ၊ အသံကြားရရင် စိတ်ထဲအေးချမ်းသလို ခံစားရလို့၊ သြော် ပြီးတော့ ကျောင်းပိတ်ရက်ကျ တွေ့ချင်တယ်"

"မင်းတွေ့ချင်တိုင်း ငါကတွေ့စရာလား"

"အင်း"

CRUSH [Completed]Where stories live. Discover now