part-8

4.4K 428 7
                                    

Unicode

"ဝမ် ရိ ပေါ်............
နင့်ကိုငါသတ်မယ်"

ပြေးဝင်လာသော လင်းရှန့်ကို ဟောက်ရွှမ်းနှင့် ကျိရန်မှ လှမ်းဆွဲထားရသည်။ မယ်ဒေါသအိုးက မလွယ်ကြော။

"ရိပေါ် အကျင့်ပုတ်ကောင်
Crushအတွက်နဲ့ သူငယ်ချင်းကိုရောင်းစားတဲ့ အရူးကောင်"

"နင်ဘာတွေဖြစ်လာပြန်တာလဲ"

"ငါ့အကြောင်းတွေ ကျင်းဟန်ကောကို အကုန်ပြောပြလိုက်တာလေ၊ ငယ်ငယ်က လမ်းထဲက ကလေးတွေနဲ့ ရန်ပြိုင်ဖြစ်တဲ့ကိစ္စတွေပါ မကျန်ဘူး၊ ၈တန်းထိ အိပ်ယာထဲသေးထွက်ကျတာအဆုံး တစ်ခုမှမချန်ဘူး၊ အီး ဟီး ဟီး ငါ့ကိုအရှက်ခွဲတယ်"

ဝမ်းနည်းပက်လက်ငိုကြွေးနေပါသော လင်းရှန့်ကြောင့် ကျောင်းကန်တင်းမှ လူများ သူတို့ဝိုင်းအားကြည့်လာကြသည်။

"ငါမှားပါတယ်ဟာ၊ တော်ပါတော့ ရှက်စရာကြီး၊ ဟိုမှာလူတွေဝိုင်းကြည့်နေပြီ၊ နင်မရှက်ပေမယ့် ငါရှက်တယ်ဟ"

"ငါကရော မရှက်ဘူးများထင်နေလား အရူးကောင်ရဲ့၊ နောက်ခါ သေတောင်လာမခေါ်နဲ့"

ပြောကာထွက်သွားသောလင်းရှန့်နောက်ကို ကျိရန်က လိုက်သွားရသည်။

"ရိပေါ် မင်းကလည်းလေ အဲ့လောက်ထိပြောပြလိုက်ရလား၊ နှပ်ချေးတွဲလောင်းနဲ့ ပုံလေးပါ ပြလိုက်ရမှာ ဟားဟား"

လူယုတ်မာချင်း ပေါင်းမိသည်ဟု ဆိုရမည်။ ဟောက်ရွှမ်းက မြှောက်ပေးနေသေးသည်။

"ငါလည်း အစက မပြောပဲနေမလို့ပါပဲကွာ၊ ကျင်းဟန်ကောကပြောတယ်၊ လင်းလေးငယ်ငယ်ကဆို သိပ်ချစ်ဖို့ကောင်းမှာတဲ့၊ အဲ့တာနဲ့ ငါလည်း အဲ့လိုလေးတွေ ပြောပေးရတော့တာပေါ့ကွာ ဟဲဟဲ"

ပန်းချီမေဂျာဘက် မသွားမိရန် ကြိုးစားပါသော်လည်း အသိစိတ်ကပ်ချိန်မှာတော့ ကျန့်ရဲ့အခန်းရှေ့ ရောက်နှင့်နေပြီ။ အခန်းထဲတွင် စာထဲခေါင်းနှစ်နေသော သူ့ရဲ့မြတ်နိုးရာလေး။ ဘေးမှ ကျင်းဟန်ကောက မြင်သွားဟန်တူသည်။ ကျန့်အား ပုခုံးပုတ်၍ ရိပေါ်ဘက် မေးငေါ့ပြသည်။ ကျန့်လှမ်းကြည့်ချိန် ကျွန်တော်က ပြုံးပြလိုက်တော့ ထိုလူသားက ခေါင်းငုံ့သွားပြန်သည်။ ကျင်းဟန်ကောကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တော့ ကျန့်ကိုအခန်းရှေ့ မရမက ဆွဲခေါ်လာပေးသည်။ နှစ်ယောက်သား မျက်နှာချင်း ဆိုင်မိချိန်မှာတော့ ဘာပြောရမှန်းမသိ။ တစ်ခန်းလုံးက ဝိုင်းကြည့်နေသည်မို့ ကျန့်ရဲ့လက်ကိုဆွဲကာ လူရှင်းတဲ့ ထိုင်ခုံတစ်နေရာဆီ ဆွဲခေါ်လာခဲ့ရသည်။

CRUSH [Completed]Where stories live. Discover now