Unicode
နေ့လည် တစ်နာရီတည်းက စောင့်နေပေမယ့် ရှောင်ကျန့်ဟာ နှစ်နာရီထိုးသည့်အထိ ဆင်းမလာ။ ဖုန်းဆက်တော့လည်း စက်ပိတ်ထားသည်။ ရှောင်ကျန့်ဟာ အခုလို ကတိမတည်မယ့်သူမျိုးမဟုတ်။ တစ်ခုခုတော့ ဖြစ်နေလောက်ပြီ။ အပေါ်တက်ကြည့်ရင် ကောင်းမလား။
အတွေးနဲ့ယောက်ယက်ခတ်နေချိန် ဖုန်းတစ်call ဝင်လာသည်။ unknown callမို့ ကိုင်သင့်၊ မကိုင်သင့် စဉ်းစားနေရင်းမှ ကျန့်ဖြစ်နေရင်ဆိုတဲ့ မျှော်လင့်ချက်ဖြင့် ဖုန်းကိုင်လိုက်သည်။
"ဟဲလို"
အင်း.. တစ်ကယ်ကျန့်ပင်။
"ဟဲလို ကျန့်"
"ဒီနေ့ ငါမင်းနဲ့ အပြင်မထွက်ဖြစ်လောက်ဘူး၊ ကျင်းဟန်ရဲ့ညီမလေး မေ့လဲလို့ ငါဆေးရုံရောက်နေတယ်၊ ငါ့ဖုန်းက အားကုန်နေလို့ ကျင်းဟန်ဖုန်းနဲ့ဆက်လိုက်တာ၊ မင်းအခုထိ ငါ့အဆောင်ရှေ့မှာ ရှိနေတာတော့ မဟုတ်ဘူးမလား"
"ကျွန်တော် အိမ်ပြန်ရောက်နေပြီ၊ ဒါဆိုလည်း မနက်ဖြန်တော့ ဆက်ဆက်တွေ့ချင်တယ်"
"အင်း၊ အဲ့ဒါဆို ဒါပဲနော်"
"ခဏ ကျန့်"
"ပြောစရာရှိသေးလို့လား"
ရိပေါ်ခဏ တွေးမိပြီးမှ...
"ဘာမှမဟုတ်တော့ဘူး"
"အင်း"
ရှောင်ကျန့်ဘက်က ဖုန်းချသွားမှ ရိပေါ်လည်း အိမ်ပြန်ရသည်။ ကျင်းဟန်ညီမလေး ဆေးရုံတက်သည့် ကိစ္စမှာ ကျင်းဟန်ကောရှိရုံနဲ့ မရဘူးလား။ ကျန့်မှမလိုအပ်တာလို့ ပြောချင်ပေမယ့် ပြောခွင့်က မရှိပြန်။ တစ်ခါတစ်လေ မပိုင်ဆိုင်ရရင်ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်သလို တစ်ခါတစ်လေတော့ လက်လွှတ်ဖို့ ကြိုးစားကြည့်ပြန်တယ်။ အဖြေကတစ်ခုတည်းရယ်။ သူမရှိရင်မဖြစ်ဘူး။
"ဟေ့ကောင် မင်းအခုလိုကြီးပဲ နေနေတော့မှာလား၊ ဘယ်လိုပဲ သူငယ်ချင်းရဲ့ညီမလို့ပြောပြော၊ ပါသွားနိုင်တာပဲ၊ အဲ့တော့မှ လာမငိုနဲ့နော်"
ဟောက်ရွှမ်းအား ဖုန်းဆက်တိုင်ပင်မိတော့ ကြားရသည့်စကားက ဖွင့်ပြောဖို့။
![](https://img.wattpad.com/cover/249776510-288-k804201.jpg)