Unicode
မတိတ်ပဲ ပိုပိုသည်းလာတဲ့မိုးနဲ့အတူ လျှပ်စီးသံများကလည်း တစ်ပါတည်း ကပ်၍ပါလာသည်။ လေပြင်းတိုက်ခတ်သံနှင့်ရော၍ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံလျက်။ ရုတ်တရက်ပျက်သွားတဲ့ မီးကြောင့် ကျန့်ကောက အလန့်တကြား ထအော်သည်။
"မား....!"
ကျန့်.....။
"ရိပေါ်.. ရိပေါ်.. ဝမ်ရိပေါ်လို့.."
"ကျွန်တော်ရှိတယ်.. ကျွန်တော်ရှိတယ်ကျန့်"
"ငါခေါ်နေတာကို ဘာလို့မထူးတာလဲ?"
"ဟို...ကျ ကျွန်တော်"
"ဘယ်နားမှာလဲ မင်း၊ ငါ့နားလာခဲ့
လာခဲ့ပေးရိပေါ်၊ ငါ..ငါ အမှောင်ထဲမှာ တစ်ယောက်တည်းမနေရဲဘူး"အဲ့တာမှ အကြီးကြီးအခက်တွေ့တာပဲ။ အခုလို မီးပျက်နေတဲ့အခြေအနေမှာ သူဘယ်လိုလုပ် ကျန့်ကောနား သွားနေရမှာလဲ။ ဘယ်လိုစိတ်နဲ့.. ဘယ်လိုထိန်းချုပ်ပြီး...
"ဝမ်ရိပေါ်လို့...!!"
"လာပြီကျန့်ကော ကျွန်တော်လာပြီ"
ရှောင်ကျန့်ရဲ့အော်သံနဲ့အတူ ရိပေါ်က ရှောင်ကျန့်အနားကို တိုးကပ်သွားခဲ့ပြီ။ တွေ့ရာဖမ်းဆုပ်မိတော့ လက်ဖဝါးနုနုလေးက ရိပေါ်ရဲ့ လက်ဝါးကြီးကြီးထဲ အလိုက်သင့်ပါလာတယ်။ တစ်ချိန်တည်းမှာပဲ ကျန့်ကောရဲ့ တုန်ယင်နေတဲ့ ကိုယ်လေးကိုပါ သတိထားမိပြန်တော့ သူ့မှာ ပြာယာခတ်ရပြန်သည်။
"ကျန့်.. အရမ်းကြီးမကြောက်နဲ့နော်
အနားမှာ ကျွန်တော်ရှိနေပြီလေ၊ မကြောက်နဲ့နော်၊ မကြောက်နဲ့တော့.. အင်း ကျန့်က လိမ္မာလိုက်တာ"ကျောပြင်ငယ်ကို ကျန်နေတဲ့လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးတော့ ကျန့်ရဲ့ကိုယ်လုံးလေးက တည်ငြိမ်သွားသည်။ ထိုအခါမှ ရိပေါ် ထိုကိုယ်လုံးလေးအား ရင်ခွင်ထဲတိုးလို့ ဖက်ထားမိသည်။ ကျန့်ကလည်း သူ့ရင်ခွင်ထဲမှ ဖယ်ခွာခြင်းမပြု။ ပကတိငြိမ်သက်လျက်။ ရင်ဘက်ကို လာရောက်ထိခတ်နေတဲ့ ကျန့်ရဲ့ရှူထုတ်နေတဲ့ လေနွေးငွေ့မှလွဲ ရိပေါ်ဘာမှမခံစားမိ။ အသက်ကိုသာ ခပ်ပြင်းပြင်းရှူထုတ်မိသည်။
![](https://img.wattpad.com/cover/249776510-288-k804201.jpg)