part-6

4.6K 448 7
                                    

Unicode

"တီ တီ တီ"

အဆက်မပြတ်မြည်နေသောဖုန်းသံ။ ရှောင်ကျန့် လုပ်လက်စ စာတွေကိုဘေးချရင်း ဖုန်းကိုယူကြည့်မိတော့ contactထဲ ရှိမနေသည့်ဖုန်းနံပါတ်မို့ မကိုင်ဘဲ စာကိုသာ ဆက်လုပ်နေသည်။ ဖုန်းစိမ်းလျင် ကိုင်လေ့မရှိတာကြောင့်ရော စာတွေမပြီးသေးတာကြောင့်ပါ ပါသည်။

ဖုန်းကျသွားပြီး နောက်တစ်ခါ ထပ်ဝင်လာပြန်သည်။ ဒီတစ်ခါ ဖုန်းကို အဆုံးထိဆက်မြည်ခွင့် မပေးတော့ပဲ အနီရောင်လေးကိုသာ ဖိဆွဲပြစ်လိုက်သည်။ နောက်မကြာဘူး။ messageတစ်ခု ဝင်လာသည်။

~ကျန့်ကောက ချေလိုက်တာ
ကျွန်တော့်ဖုန်းမို့ မကိုင်တာလား~

စကားအသွားအလာအရ ဘယ်သူဘယ်ဝါဆိုတာ ဗေဒင်မေးစရာမလို။ သူဖုန်းပြန်ခေါ်ဖို့လုပ်တော့ တစ်ဖက်က ဖုန်းဝင်သည်။ အစောကဖုန်းပင်။ ဒီတစ်ခါတော့ သူကိုင်လိုက်သည်။

"ဟဲလို ကျန့်"

တစ်ဖက်မှ အသံသြသြလေးဟာ သူ့နှလုံးသားရဲ့ ဟိုးအတွင်းထဲထိ နက်ဝင်သည်။ ဘယ်ချိန်ကြားကြား ခံစားချက်ဟာ ပြောင်းလဲခြင်းနတ္တိ။ အချိန်တိုင်း ပြုစားလွန်းတဲ့သူနဲ့ အချိန်တိုင်း ပျော်ဝင်ချင်နေတဲ့ကိုယ်။

"အင်း"

ပြောချင်နေတဲ့စကားလုံးတွေဟာ အများသား။ မေးချင်နေတဲ့မေးခွန်းတွေဟာ တစ်ပုံတစ်ပင်။ သို့ပေမယ့် သူပြန်ဖြေမိသည်က အင်းတစ်လုံးတည်း။

"အစောက ကျွန်တော့်ဖုန်းကို ဘာလို့မကိုင်တာလဲ"

ဒေါသသံမပါ၊ စိတ်တိုခြင်းအလျင်းမရှိ၊ ဝမ်းနည်းရိပ်သမ်းနေသောအသံဟာ အဆုံးမှာ တိမ်ဝင်သွားသည်။ ဒါဟာ တစ်ကယ်ပဲ ထိုကောင်လေးဟာ သူ့ဖုန်းမကိုင်လို့ ဒီလိုမျိုး...

"ဘယ်သူမှန်းမသိလို့၊ ဖုန်းနံပါတ်က စိမ်းနေတာနဲ့.."

ရှောင်ကျန့်က စိတ်ရှည်ရှည်ရှင်းပြတော့ ဝမ်ရိပေါ်က သဘောတကျရယ်ပါသည်။ လှောင်ရယ်သံမမည်တဲ့ ရယ်သံလွင်လွင်လေးဟာ လူကိုအေးချမ်းခြင်းအဖြာဖြာပေးသည်။

"အခုဘာလုပ်နေလဲ"

"အဲ့တာမေးဖို့ဆက်လိုက်တာလား"

CRUSH [Completed]Where stories live. Discover now