part-11

4.1K 377 6
                                    

Unicode

"ကျန့်... ကျွန်တော် ကျန့်ကို ပြောစရာရှိတယ်၊ သေချာလေးအာရုံစိုက်နားထောင်ပေး"

ရှောင်းကျန့်ရဲ့ လှမ်းနေသော ခြေလှမ်းများ ခေတ္တရပ်တန့်ကာ ရိပေါ်နဲ့မျက်နှာချင်းဆိုင် လှည့်လိုက်သည်။ မျက်ခုံးနှစ်ဖက်တွန့်ပြကာ ပြောဆိုသည့်သဘော။

"ကျွန်တော် ကျန့်ကို......"

တစ်ခါတစ်လေ ကံတရားဟာ မျက်နှာသာမပေးသလို တစ်ခါတစ်လေ ရာသီဥတုကပါ မျက်နှာသာ မပေးတတ်။ တိုက်ခတ်လာတဲ့လေကြမ်းတွေနဲ့အတူ တအုန်းအုန်း ရွာချလာသောမိုး။ မိုးနတ်မင်းကို ကျိန်ဆဲရင် ငရဲကြီးလောက်မလား။ ငရဲကျတယ်ဆိုတဲ့စကားကို အယုံအကြည်မရှိပေမယ့် လောလောဆယ်တော့ ကျိန်ဆဲလို့မဖြစ်။ အနားမှာ သူ့ရဲ့တစ်သက်တာလေး ရှိနေသေးသည်။ ငရဲသွားရရင် လူပြန်မဝင်စားနိုင်မှဖြင့် ထိုလူသားနှင့် နောင်ဘဝတော့ ဝေးရချည်ရဲ့။ အတွေးထဲ နစ်နေတုန်း လက်တစ်ဖက်က နွေးထွေးသွားရသည်။ လေပြင်းကြားထဲကနေ အသံချိုလေးတစ်ခုလည်း ကြားလိုက်ရသေးသည်။

"မိုးတွေရွာနေပြီ၊ အရိပ်ခိုရအောင်"

ပြောရင်း ကျန့်က သူ့လက်ကို ဆွဲခေါ်သွားခြင်းပင်။ Busမှတ်တိုင် တစ်ခုအရောက်မှ ပြေးနေတာကို ရပ်ကာ မိုးဝင်ခိုမိသည်။

"ရာသီဥတုကလည်းကွာ ဝမ်ရိပေါ်လိုပဲ ထ,ထဖောက်တတ်တယ်"

"ဟက်"

တစ်ခါတစ်ခါ ကျန့်ဟာ သူ့ကို ရယ်မောစေပြန်တယ်။ ပြုမူလိုက်တဲ့ အမူအရာတစ်ခုစီတိုင်း၊ ဒါမှမဟုတ် ပြောလိုက်တဲ့ စကားလုံးတစ်လုံးစီတိုင်းက ကလေးသဖွယ်။

ရိပေါ်က ခပ်တိုးတိုးရယ်တော့ ကျန့်က မျက်ခုံးပင့်လို့ ကြည့်လာသည်။

"မင်းအစောက ဘာပြောမလို့လဲ"

"သြော မေ့သွားပြီ"

ဒီလို ဝရုန်းသုန်းကား အခြေအနေမျိုးမှာ ဖွင့်ပြောဖို့က မသင့်တော်ဘူးဟု ရိပေါ်ထင်သည်။ အခြေအနေတစ်ရပ် ဖန်တီးရပေဦးမည်။

လမ်းမထက်မှ လူနည်းပါးကာစ ပြုလာသည်။ ထီးတစ်လက်ကို နှစ်ယောက်ဆောင်းရင်း ပြုံးကာရယ်ကာဖြင့် ဖြတ်သွားသော အတွဲအားတွေ့တော့ ကျန့်ကရယ်သည်။ ဒီလူကြီးဟာ နားလည်ရခက်လွန်းသည်။

CRUSH [Completed]Where stories live. Discover now