part-2

5.8K 573 21
                                    

Unicode

"ဟေ့ကောင် မင်းဘယ်လိုရှာမှာလဲ
ဒီတိုင်းဆို ငါတို့ ပန်းချီဌာနကိုတစ်ပတ်ပတ်ရလိမ့်မယ်ကွ"

ကျိရန်ပြောတာမှန်သည်။ ကောက်ရသော ကျောင်းသားကဒ်တွင် ဘယ်နှစ်ကဆိုတာ မပါပေ။ မပါတာတော့မဟုတ်။ ပျက်နေတာ။ ပထမနှစ်လား တတိယနှစ်လား မသဲကွဲ။

"ဘာပဲဖြစ်ဖြစ်သွားပေးရမယ်လေကွာ"

ဒီလိုနဲ့ တစ်ခန်းဝင်တစ်ခန်းထွက် ရိပေါ်တို့လိုက်မေးကြသည်။ ဒုတိယနှစ်ဟုတ်ဟန် မတူပေမယ့် ပိုပိုလိုလို ဝင်မေးခဲ့သေးပေမယ့် မရှိဘူးဟုသာ သိရသည်။

တတိယနှစ်ပန်းချီခန်းရှေ့အရောက် ရိပေါ်တို့လေးယောက် ခြေလှမ်းတွေရပ်လိုက်သည်။ ထို့နောက် အခန်းထဲဝေ့ဝဲရှာကြည့်တော့ နေ့လယ်ကလူဝတ်ထားတဲ့ ဂျာကင်အင်္ကျီနဲ့လူကိုတော့ မတွေ့ပေ။ ထိုအစား ခုံအောက်ငုံ့လိုက်၊ လွယ်အိတ်နှိုက်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ယုန်တစ်ကောင်ကို ရိပေါ်တွေ့သည်။ သူ့ကြည့်ရသည်မှာ ပြာယာခတ်နေသည်။ တစ်ခုခုကို ရှာနေဟန်။

အနားကို ကျောင်းသားတစ်ယောက် ရောက်လာတာကြောင့် ရိပေါ်က ထိုလူဆီမှ အကြည့်ခွာရင်း အနားရောက်လာတဲ့ ကျောင်းသားကို မေးရတော့သည်။

"အကိုတစ်စိတ်လောက် ဟိုလေ ကျွန်တော်မေးစရာလေးရှိလို့ဗျ"

"ဟာ ကျောင်းရဲ့Kingကြီး မေးလေညီလေး"

တစ်ဖက်ကအကိုက အံ့သြဝမ်းသာဖြင့် ပြောလာသည်။ ထိုအခန်းထဲမှ မိန်းကလေးများရဲ့အကြည့်ကလဲ ရိပေါ်ဆီမှ မခွာကြပေ။ ယောက်ျားလေးတွေကအစ ကြည့်နေကြသည်။ မကြည့်နေတာကတော့ အစောကယုန်ပေါက်။ တစ်ခုခုကိုသာ သဲကြီးမဲကြီး ရှာနေသည်။ မဟုတ်မှ...

"ဒီအခန်းထဲမှာ ရှောင်ကျန့်ဆိုတဲ့လူရှိလားဗျ"

"ဟေ ရှောင်ကျန့်!!"

တစ်ဖက်ကလူရဲ့ တုံ့ပြန်ချက်ကြောင့် ရိပေါ်မျက်နှာ တစ်ချက်ပျက်သွားသည်။ ဒါဆို ဟိုယုန်ပေါက်မဟုတ်သလို ဒီအခန်းကလူလည်း မဟုတ်ပြန်ဘူးလား။ သူရှာရတာ အတော်လေး မောနေလေပြီ။ ဆက်မရှာနိုင်တော့ပေ။

"ဒီ ဒီကျောင်းသားကဒ်ထဲက လူလေ"

ရိပေါ်က လက်ထဲရှိကျောင်းသားကဒ်လေးကို ရှေ့ထိုးပြမှ တစ်ဖက်လူက အော်ဟုဆိုကာ ပြုံးစစနဲ့ အခန်းထဲတစ်ချက်ဝေ့ကြည့်သည်။ ပြီးနောက် သူကပြောသည်။

CRUSH [Completed]Where stories live. Discover now