part-13

4.2K 365 2
                                    

Unicode

ရှုပ်ယှက်ခတ်နေသော ကျောင်းဝန်းအတွင်းမှ လူပေါင်းရာချီ၏ အကြည့်များအားလုံးသည် လူတစ်ယောက်ထံသို့သာ ဦးတည်သည်။ ထိုသူမှာ ကျောင်း၏ Kingမဟုတ်သလို၊ မေဂျာkingလည်းမဟုတ်။ အမြဲတမ်း တစ်ယောက်တည်း သီးသန့်ဆန်ဆန်နေတတ်သည့် ရှောင်ကျန့်ပင်ဖြစ်သည်။ သီးသန့်ဆန်လွန်း၍ နာမည်ကြီးသည်ဆိုပေမယ့် အခုလောက်ထိ လူအာရုံစိုက်ခံရသည်မဟုတ်။ အခုက....

"တီ တီ တီ"

လူတွေရဲ့အကြည့်များမှ မည်သို့ရှောင်ရမည်မသိပဲ ယောက်ယက်ခတ်နေသည့်ရှောင်ကျန့်အတွက် ဖုန်းသံသည်လည်း ကူကယ်ရာရသည့်အရာပင်။

"ဟဲလို.. ကျင်းဟန်.. ငါ့..... ငါ့ကို"

"ငါသိတယ်၊ မင်းအခုဘယ်မှာလဲ၊ အရင်ဆုံးမင်းကို ငါလာခေါ်မယ်၊ ပြီးမှ ကျန်တဲ့ကိစ္စကို ဆက်ပြောကြတာပေါ့"

"ငါအခု လက်မှုမေဂျာဘက်က ကုက္ကိုပင်အဖြူနားမှာ.."

"အဲ့နားမှာပဲရပ်နေနော်၊ ငါလာခေါ်မယ်"

"အင်း...."

ဖုန်းချပြီးနောက် လူတွေရဲ့အကြည့်ကို မျက်ကွယ်ပြုကာ မြေကြီးပေါ်သို့သာ အကြည့်ပို့မိသည်။ အောက်ပိုင်းတစ်ဝက်ကို ထုံးအဖြူရောင်ဖြင့် သုတ်ထားသော ကုက္ကိုပင်ကြီးရှေ့တွင် ရှောင်ကျန့်ငုတ်တုတ်ထိုင်လျက် ကျင်းဟန်ကိုစောင့်နေမိသည်။

လူတွေဘာလို့ သူ့ကိုကြည့်နေကြသလဲဆိုသည့် အဖြေကို ကျင်းဟန်သိပေလိမ့်မည်။ သူလည်း သိချင်ပါသည်။ ဘာလို့များလဲ?။

မနက်နိုးနိုးချင်း ရိပေါ်နိုးတဲ့ထိတောင် မစောင့်တော့ဘဲ အဆောင်သို့အမြန်ပြန်ကာ အဝတ်လဲ၊ ရေချိုးပြီး ကပြာကယာထွက်လာပြီး အခုကျောင်းရောက်တော့ အခြေအနေတွေက ရုတ်တရက် ပြောင်းလဲသွားရသည်။ ထိုသို့ပြောင်းလဲခြင်းကို သူမနှစ်သက်ပါ။ အာရုံစိုက်ခံရခြင်းအပေါ် သူမနှစ်မြို့။ သူမုန်းသည်။ လူတွေရဲ့အာရုံစိုက်ခံရခြင်းကို သူလွန်စွာမုန်းတီးမိသည်။ လူများများ အာရုံစိုက်ခံရလေ၊ သေဖို့ပိုလွယ်လေ။ ဒါဟာ သူငယ်ငယ်က သင်ယူခဲ့ဖူးသည့် သင်ခန်းစာ။

CRUSH [Completed]Where stories live. Discover now