Ep 1

6.1K 243 0
                                    

Zawgyi

🖤Please Don't Go Away🖤
Ep 1

"ဗျာ ..ကျွန်တော်က ရိပေါ်နဲ့
လက်ထပ်ရမယ်ဟုတ်လား..."
ရိပေါ် ပြောလိုက်တဲ့ စကားကြောင့်
ကျန့်ကျန့် နောက်တစ်ခါတောင်
ပြန်မေးနေမိသည်
"အင်း..."
ရိပေါ် ပြတ်သားစွာ အင်း တစ်လုံးပဲ
ဖြေလေသည်

"ကျွန်တော် လက်မခံနိုင်ဘူး..လုံးဝပဲ .."

"မင်းကို ခွင့်တောင်းနေတာမဟုတ်ဘူး
အသိပေးနေတာ ..မင်း ငါ့ကို
လက်ကိုလက်ထပ်ရမယ်..ဒါ ငါ့အမိန့်..."
ရိပေါ်  ရှောင်ကျန့်ကို အမိန့်ပေးကာ
နေရာမှ ထထွက်သွားလေသည်

"ရိပေါ်ရယ်...ကျွန်တော့်ကို ဘယ်ချိန်ထိ နှိပ်စက်နေဉီးမှာလဲဗျာ ..ကျွန်တော် အမှန်တရားကို ရှာပေးမှာပါ..."
ကျန့်ကျန့်ရဲ့ အဖေကြောင့်
ရိပေါ် ပါးနဲ့မားသေခဲ့ရတာ
အဲ့ကိစ္စတွေ ဖြစ်ပြီးတည်းက ရိပေါ်ဟာ
ကျန့်ကျန့်ကို ဘယ်မှ မသွားခိုင်းဘဲ
အိမ်ထဲမှာပဲ ပိတ်လှောင်ထားတယ်
ခုလည်း ထွက်ပြေးမှာ စိုးလို့တဲ့လေ
သူ့ကို လက်ထပ်ရမယ်တဲ့

ရိပေါ်ဟာ ကျွန်တော့် ဘဝတစ်ခုလုံးကို
ချုပ်ကိုင်ထားတဲ့သူပဲ
ကျွန်တော်ဟာ သူ့အတွက်တော့
အရုပ်လေးတစ်ရုပ်သာသာပါ....😊

ဒီနေ့ မင်္ဂလာပွဲနေ့
ကျန့်ကျန့် တစ်ယောက် မပျော်နိုင်
ကိစ္စတွေ အားလုံး အမှန်ကို ဖော်ထုတ်နိုင်ရင်
ရိပေါ် ဆီက လွတ်မြောက်နိုင်မယ်လို့
မျှော်လင့်ထားပေမဲ့
ခုတော့ ခြေချူပ်မိတော့မယ်..

"ကြီးကြီး ...သား သူ့ကို လက်မထပ်ချင်ဘူး."
ကျန့်ကျန့်လည်း ကြီးကြီးမေကို ဖက်ကာ
မျက်ရည်လေးတွေ ကျနေမိတော့သည်

ကြီးကြီးမေဆိုတာ ရိပေါ်တို့ အိမ်က
အိမ်တော်ထိန်းပေါ့ ကျန့်ကျန့်အတွက်တော့
အမေ တစ်ယောက်လိုပါပဲ
ရိပေါ်ရဲ့ အနိုင်ကျင့်ခံရတိုင်း ကျန့်ကျန့်ကို
နှစ်သိမ့်ပေးတတ်တဲ့
အမေလို ချစ်ရတဲ့ ကြီးကြီးမေပေါ့

"သားကျန့်ရယ် ..မငိုပါနဲ့..မင်္ဂလာရှိတဲ့နေ့မှာ
မငိုကောင်းဘူး သားကျန့်ရဲ့...
ရိပေါ်ကလေ သားကျန့်လေးကို ချစ်လို့
လက်ထပ်တာပါ သူက
ထုတ်မပြတတ်တာပဲရှိတာ
မငိုနဲ့တော့နော်..သားကျန့်လေး.."
ကျန့်ကျန့်ရဲ့ မျက်ရည်လေးတွေကို
သုတ်ပေးနေတုန်း

💛Please Don't Go Away💛Where stories live. Discover now