Zawgyi
Ep 11
"ဘာ အရေးကြီးတယ် ဟုတ်လား...အေးအေး
ငါ ခု ပြန်လာမယ်...."
ရိပေါ် ပြောလက်စဖုန်းကိုချပြီး
"ရှောင်ကျန့် အထုပ်ပြင်တော့ ပြန်မှရတော့မယ်..""ဟင် ခု ချက်ချင်းကြီးလား.."
"ဟုတ်တယ် ...မြန်မြန်လုပ် ..."
ရှောင်ကျန့် အထုပ်ပြင်ပြီးတာနဲ့
hotelကနေ ထွက်သွားလိုက်သည်လေယာဉ်ပေါ်ရောက်တော့
"ရိပေါ် ကျွန်တော် ဒီမှါ ထိုင်ရမှာလားဟင်.."
ပြတင်းပေါက်ဘက်က ခုံလေးကို
လက်ညှိုးလေးထိုးပြကာ မေးတော့"..ငါ့ ပေါင်ပေါ်လာထိုင်.."
ရိပေါ် ဆိုတာ အဲ့လို စကားတွေနဲ့လည်း
နှိပ်စက်တတ်သေးတယ်
ဒီလိုသာ ဆိုရင် သူ့ကို မခွဲနိုင်ဘဲ
တမ်းတမ်းစွဲဖြစ်တဲ့ထိ နှိပ်စက်ချင်တယ်နဲ့
တူပါတယ်"အို...ရိပေါ်ကလည်း..."
"ငါပြောတာ ဆက်နားထောင် ငါ့ပေါင်ပေါ်လာထိုင်လို့တော့ မရဘူးလို့ ငါဘဲ အဲ့ခုံမှာထိုင်လိုက်မယ်..."
"ဟုတ် ..."
ဆိုပြီး ရှောင်ကျန့်လည်း သူထိုင်ရမယ့် နေရာမှာ
ဝင်ထိုင်လိုက်သည်"တစ်မျိုးတော့ မထင်နဲ့နော် အသွားတုန်းကလို
ငါ့ ရင်ခွင်ထဲ မင်း ဝင်အိပ်နေမှာဆိုးလို့
ဒီ ခုံမှာ ထိုင်ပေးတာ..."အော် ရိပေါ်ရယ် ကျွန်တော်
အမြင့်ကြောက်တတ်မှန်းသိလို့
ထိုင်ပေးတာလို့ ပြောလိုက်ရင်
ကျွန်တော် အပျော်လွန်ပြီး သေသွားမှာစိုးလို့လား"အင်းပါ မထင်ပါဘူး...😊"
ရှောင်ကျန့် ခုမှ သတိရမိသည်
"ပန်းပင်..ငါ့ ပန်းပင်လေး..ကျန်ခဲ့ပြီ...အဟင့်..
😢"ရှောင်ကျန့် ရိပေါ် ဝယ်ပေးတဲ့ ပန်းပင်လေး
Hotelမှာ ကျန်ခဲ့တာကြောင့်
ခုချက်ချင်း သာသွားယူလိုက်ချင်သော်လည်း
မျက်ရည်ကသာ ကျလာသည်"ဘာလို့ ငိုပြန်ပြီလဲ.."
ရှောင်ကျန့် ငိုနေတာ မြင်လို့
ရိပေါ်က မေးတော့"ပန်းပင်..အဟင့်..ရိပေါ် ဝယ်ပေးတဲ့ ပန်းပင်လေး
ကျန်ခဲ့ပြီ..."
YOU ARE READING
💛Please Don't Go Away💛
FanfictionWang Yibo "ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါလား....." Xiao Zhan "ကျွန်တော် ခင်ဗျားရဲ့ အနားကနေ ထွက်ပြေးသွားတာမဟုတ်ပါဘူး ပေါ့ပါးနေတဲ့ စက္ကူငယ်လေးလို လွင့်ထွက်သွားခဲ့တာ"