Zawgyi
Ep 19
ရှောင်ကျန့် နဲ့ ရိပေါ် ရန်မဖြစ်ဘဲ
အဆင်ပြေပြနေဲ့ နေလာတာ
တစ်လ ဟုတ်တယ် တစ်လတိတိ ရှိခဲ့ပြီ
ဒါပေမဲ့ ရိပေါ်ကတော့
ကျွန်တော့်ကို ချစ်တယ်ဆိုတာတော့
မပြောပါဘူး"ရိပေါ်..အလုပ်သွားတော့မှာလား..ကျွန်တော်
အဝတ်ထုတ်ပေးမယ်လေ.."
အလုပ်သွားရန် ပြင်ဆင်နေတဲ့ ရိပေါ်ကို
ရှောင်ကျန့် ပြောလိုက်တော့"မလိုဘူး..."
ရိပေါ် ပြောပြီး အခန်းထဲမှ ထွက်သွားလေသည်ဘာဖြစ်ရပြန်ပြီလဲဗျာ ဘာလို့ ကျွန်တော့်ကို
ရှောင်နေရတာလဲ
ကျွန်တော့်ကို မလိုအပ်တော့ဘူးလားဟင်..ရိပေါ် ထွက်သွားတော့
ရှောင်ကျန့် အောက်ထပ်ကို ဆင်းသွားသည်
"သားကျန့်လေး အဆင်ပြေရဲ့လား..
ဒီနေ့ ရိပေါ်လေးကို သားက ခွင့်လွှတ်လိုက်ပါကွယ် ဒီနေ့က သူ့မိဘတွေ ဆုံးတာ နှစ်ပတ်လည်နေ့လေ..."
ကြီးကြီးမေ ပြောလိုက်တော့မှ ရှောင်ကျန့်
သတိရသည်ဟုတ်သည် အရင်ကလည်း ဒီရက်ဆို
ရိပေါ်က အိမ်မှာ ရှိမနေတတ်ဘူး
ကျွန်တော့ကို မြင်နေရရင်
ဒေါသထွက်လို့တဲ့ ဒါကို ကျွန်တော်မေ့နေတာ
.ခင်ဗျားရေ....ရိပေါ် မနက်တည်းက ထွက်သွားတာ
ခုချိန်ထိ ပြန်မလာသေးပါ
"ကျွန်တော်က အဲ့လောက်ထိတောင် မုန်းစရာကောင်းတာလား ဟင်..မတွေ့ချင်လောက်အောင်ကိုလေ..."
ရှောင်ကျန့် တွေးနေတုန်း
အခန်း တံခါး ပွင့်လာသည်"ဒါက ဘယ်လိုဖြစ်နေကြတာလဲ..."
ရှောင်ကျန့် မမြင်ရဲ လောက်အောင်ပင်
မူးနေတဲ့ ရိပေါ်ကို တွဲလာတဲ့ ဆူး
ဆူး ပုံစံမှာ ဖရိုဖရဲ ဖြစ်နေတဲ့အပြင်
ရိပေါ်ရဲ့ အင်္ကျီကော်လံမှာလည်း
နှုတ်ခမ်းနီရာတွေနဲ့
ဒီတစ်ခါတော့ အတော်လေး
ထိတ်လန့်သွားမိသည်
ကတိအလွန်တည်တဲ့ သူ ကြီးရေ..."ငါ့ ယောက်ျားကို ပေးခဲ့ မင်းပြန်လို့ရပြီ..."
ရှောင်ကျန့် ပြောကာ ရိပေါ်ကို ဆူးလက်ထဲမှ
တွဲခေါ်မည်အလုပ်
"မထိနဲ့ ငါ့ ပါးနဲ့မားကို သတ်တဲ့ကောင်
ရဲ့သား က ငါ့ အသားကို မထိနဲ့..အေ့.."ကျွန်တော့်ကို
သူစိမ်း မိန်းမ တစ်ယောက်ရှေ့မှာ
ရင့်ရင့်သီးသီး တွေ မပြောပါနဲ့လား ခင်ဗျားရယ်..
YOU ARE READING
💛Please Don't Go Away💛
FanfictionWang Yibo "ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါလား....." Xiao Zhan "ကျွန်တော် ခင်ဗျားရဲ့ အနားကနေ ထွက်ပြေးသွားတာမဟုတ်ပါဘူး ပေါ့ပါးနေတဲ့ စက္ကူငယ်လေးလို လွင့်ထွက်သွားခဲ့တာ"