Ep 27(final part)

3.1K 151 12
                                    

Zawgyi

Ep 27 (final part)

ပြတင်းပေါက်မှ နေရောင်ခြည်လေး
ရှောင်ကျန့်မျက်နှာပေါ်ကို ဖြာကျလာတာကြောင့်
ကျန့်ကျန့် နိုးလာလေသည်

နိးနိုးချင်း သူ့ကို တင်းနေအောင်ဖက်ပြီး
အိပ်ပျော်နေတဲ့ ချစ်ယောက်ျားကို
သေချာကြည့်ပြီး ပြုံးနေလေရဲ့
(ဘေးက သားသားကို သတိမရသေးဝူး...🙂)

"ငါ့ ယောက်ျားက ဘယ်လိုကြည့်ကြည့် ချောနေတော့တာပဲ..."

အိပ်ပျော်နေတဲ့ ရိပေါ် မျက်နှာကို
တို့ထိကာ ချီးမွမ်းခန်းဖွင့်နေတဲ့
ကျန့်ကျန့် ရယ်ပါ

"ကိုယ့်ကို အဲ့လောက်တောင် သဘောကျတာလား"
ရိပေါ် နိုးလာပြီး ကျန့်ကျန့်ကို ပြောလိုက်တော့

ရိပေါ်ရဲ့ ရင်ဘတ်ပေါ်ကို ကျန့်ကျန့်တက်ကာ
အပေါ်ကနေ ဖက်ထားပြီး
"သဘောကျတာ မဟုတ်ဘူး ချစ်တာ..ချစ်တာ
သိလား..အရူးကြီးရဲ့"

ရိပေါ်လည်း ရင်ဘတ်ပေါ်တက်ပြီး
ချွဲနေတဲ့ ကလေးဆိုးကြီးကို
ပြန်ဖက်ပြီး
"သိပါတယ် ကိုကို့ ဘေဘီလေးရဲ့...morning kissလေး...အူး..မွ..."
ရိပေါ် ကျန့်ကျန့်ကို နမ်းမယ်ကြံရုံရှိသေး

"အူဝဲ...အူဝဲ.."
သားသားလေး ထငိုလေသည်

"အဲ သားလေး ငိုနေပြီ..ယောက်ျား ချီလိုက်.."
ကျန့်ကျန့်လည်း ရိပေါ်အပေါ်ကနေဆင်းလိုက်သည်

ရိပေါ်လည်း ငိုနေတဲ့ သားသားလေးကို
ချီပြီး သူတို့နှစ်ယောက်ရဲ့အလယ်မှာ
ထားလိုက်သည်

သားလေးက အလယ်မှာ ပါးပါးနဲ့ဒယ်ဒီက
ဘေးတစ်ဖက်တစ်ချက်မှာပေါ့

"ငယ်..သားသားက ချစ်စရာလေးနော်..."
သားလေးကို ကြည့်ပြီး ရိပေါ်က ပြောလိုက်တော့

"ယောက်ျားနဲ့ တူလို့နေမှာ..."
ကျန့်ကျန့် ပြုံးပြီး ပြန်ပြောလေသည်

"သားသားက ငယ်နဲ့တူလို့ ချစ်ဖို့ကောင်းတာပါ"

"ကိုကိုနဲ့ တူတာပါဆို.."

"ငယ်နဲ့တူတာပါ"

"အာ..ကိုကိုနဲ့ တူတာလို့.."
နှစ်ယောက်သားငြင်းနေတာ
မသိရင် ကလေးက
သူတို့ကလေးမဟုတ်တဲ့အတိုင်း

You've reached the end of published parts.

⏰ Last updated: Mar 07, 2021 ⏰

Add this story to your Library to get notified about new parts!

💛Please Don't Go Away💛Where stories live. Discover now