Ep 26

2K 118 11
                                    

Zawgyi

Ep 26

သားသားလေးမွေးပြီးတော့
ဆေးရုံမှာ ခုနှစ်ရက် နေပြီးနောက်
ကျန့်ကျန့် ဆေးရုံက ဆင်းရတော့မည်
"ငယ် သားသားကို ပေးလေ ကိုယ် ချီမယ်.."

ကလေးကို ချီထားသော ကျန့်ကျန့်ကို
ရိပေါ် ပြောလိုက်တော့

"မလိုဘူး"
မျက်စောင်းတစ်ချက်ထိုးကာ
ရှောင်ကျန့် ပြန်ပြောပြီး
ကားပေါ်တက်သွားလေသည်

ပြန်ရလိုက်တဲ့ စကားက မလိုဘူးတဲ့
သားသားလေးက ကိုယ်တို့နှစ်ယောက်ရဲ့
သွေးသားပါကွာ.....

ရိပေါ်လည်း ဝမ်းနည်းတာက တစ်ပိုင်း
လောလောဆယ်တော့
ကလေးအဖေနဲ့ ကလေးလေးကို
အိမ်ပြန် လိုက်ပို့ရမှာမို့ ကားပေါ်တက်ကာ
အိမ်သို့သာ မောင်းလိုက်တော့သည်

အိမ်ကို ရောက်သည်နှင့်.ကျန့်ကျန့်က
ကလေးကို ချီကာ အခန်းထဲသို့
တန်းဝင်သွားလေသည်
ရိပေါ်ကတော့ကားပေါ်က အထုပ်တွေကို
အိမ်ထဲသယ်လာပြီး သိမ်းစရာရှိတာ
သိမ်းကာ အခန်းထဲသို့ သွားလိုက်တော့သည်

အခန်းထဲ ဝင်လိုက်တော့
သားသားကို နို့တိုက်နေတဲ့ ကျန့်ကျန့်

မျက်နှာလေးက ပြုံးနေတာပဲ
ဒီ အပြုံးတွေကို မမြင်ရတာကြာလှတော့
သူ ပြုံးလိုက်တိုင်း ရင်ထဲမှာကြည်နူးမိတယ်
ဒီ အခိုက်အတန့်လေးကို
သိမ်းထားချင်မိတယ်
ခုနေ ကိုယ်သာသူ့ရှေ့သွားလိုက်ရင်
အဲ့ အပြုံးတွေ ပျောက်ကွယ်သွားမှာ
အသေအချာပဲ ဒါကြောင့်
တံခါးဝကပဲ ရပ်ကြည့်နေမယ်
ကိုယ့်ကလေးအဖေလေးရယ်.....

ရိပေါ် ရပ်ကြည့်နေရင်း
သားလေးက ထငိုနေလေသည်

"အူဝါး...ဗြဲ..."

"သားသားရယ် ဘာလို့ငိုတာလဲကွာ..မငိုရဘူးလေ..ပါးပါး စိတ်ညစ်လာပြီ..."
ကလေးက ငိုလွန်းတာမို့ ရှောင်ကျန့် စိတ်ညစ်ကာ
ပြောမိတော့ ရိပေါ် ကျန့်ကျန့်ရှေ့ကိုလာကာ

"ဟိုလေ..သားသားကို..ကိုယ့်ကို ပေးချီပါ.."
ရိပေါ် မျက်နှာငယ်လေးနဲ့ ကျန့်ကျန့်ကို
ပြောလိုက်တော့

ကျန့်ကျန့် မျက်နှာက ခက်ထန်ပေမယ့်
ကလေးကိုတော့ ရိပေါ်ကို ပေးချီလိုက်သည်

💛Please Don't Go Away💛Donde viven las historias. Descúbrelo ahora