Zawgyi
Ep 16
ကျန့်ကျန့်ကို ရိပေါ် အတင်းဆွဲခေါ်သွားပြီး
ကားကို တရကြမ်းမောင်းကာ
ခဏလေးနဲ့ အိမ်ကိုရောက်သွားလေသည်"သွား အပေါ်တက်..."
အိမ်ထဲ ဝင်ဝင်ချင်း ကျန့်ကျန့်ကို
စောင့်တွန်းလိုက်သည်"ဟယ် ..ဘယ်လိုဖြစ်တာလဲ သားကျန့်ရယ်..
သား ရိပေါ် သားလေးလည်း စိတ်လျှော့ကွယ်"
ကြီးကြီးမေက စိတ်မကောင်းလွန်းလို့
ဝင်ပြောတော့"ကြီးကြီးရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ ကျန့်ကျန့်ကလေ ရုပ်လေးသနားသမားနဲ့ လင်ငယ်နေနေတာ
သိလား..."
ရိပေါ် အော်ဟစ်ကာ သောင်းကျန်းနေလေသည်ကျန့်ကျန့်ကတော့ ငိုရုံမှ တစ်ပါး
အခြားမတတ်နိုင်
မစွပ်စွဲပါနဲ့တော့ ကျေးဇူးပြုပြီး
ကြာရင် ထွက်ပြေးမိတော့မယ် ရိပေါ်...."ဟုတ်လို့လား သားရယ်.."
"မေးကြည့်..အဲ့မှာ ငိုနေတဲ့ သူကို မေးကြည့်
ဟုတ်လား..လို့.."
ရှောင်ကျန့်ကို လက်ညှိုးထိုးပြီး
ရိပေါ် ပြောနေသည်"သားကျန့် သားလေး သူပြောတာဟုတ်လား"
ကြီးကြီးမေက မေးတော့"မဟုတ်ပါဘူး..ကြီးကြီးမေရယ်..အဟင့်.."
ရှောင်ကျန့် ငိုပြီး ပြောတော့"အေးပေါ့လေ..သူခိုးကတော့ ခိုးတယ် လို့
ဘယ်ပြောပါ့မလဲ..."
ရိပေါ် ခနဲ့တဲ့တဲ့ နဲ့ ပြောလေတော့
ရှောင်ကျန့်မှာ ပြောစရာ စကားမရှိတော့"ငါလိုက်မပို့တော့ သူက ပျော်တောင်ပျော်နေဉီးမှာ လင်ငယ်နဲ့ ပျော်မြူးနေတာ..ငါဆိုင်ထဲ
ဝင်လာတာတောင် မသိဘူးမလား..."
ရိပေါ် ပြောပြောဆိုဆိုနဲ့ ရှောင်ကျန့်ရဲ့
လက်ကို အတင်းဆွဲကာ
အပေါ်ထပ်မှ အခန်းထဲသို့......"နာနေပြီ ..ရိပေါ်..."
ရိပေါ်လက်ကို အတင်းဆွဲထားတာကြောင့်
ရှောင်ကျန့် အရမ်းနာနေလို့ လွှတ်ပေးဖို့
တောင်းဆိုမိသည်ရိပေါ်က လက်ကို လွှတ်မပေးဘဲ
ရှောင်ကျန့်ကို နံရံမှာ ကပ်လိုက်လေသည်"အာ့...ရိပေါ်...တကယ်နာနေပြီ..."
"နာအောင်တမင်လုပ်နေတာ..မင်း နာကျင်နေတာကို ငါတစိမ့်စိမ့်ကြည့်ချင်လို့..."
ESTÁS LEYENDO
💛Please Don't Go Away💛
FanficWang Yibo "ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါလား....." Xiao Zhan "ကျွန်တော် ခင်ဗျားရဲ့ အနားကနေ ထွက်ပြေးသွားတာမဟုတ်ပါဘူး ပေါ့ပါးနေတဲ့ စက္ကူငယ်လေးလို လွင့်ထွက်သွားခဲ့တာ"