Zawgyi
Ep 13
ရှောင်ကျန့် အခန်းထဲရဲ့ပြတင်းပေါက်လေးမှာ
မှီကာ ရိပေါ် အလာကို စောင့်နေလေသည်ရုတ်တရက် မျက်စိရှေ့ကို ရောက်လာတဲ့
ပန်းအိုးလေး..."ဟယ် ...ပန်း..ပန်း..."
ရှောင်ကျန့် ပျော်လွန်းလို့ စကားတောင်
ဆက်မပြောနိုင်တော့ပန်းအိုးကိုင်ထားတဲ့ လက်ပိုင်ရှင်လေးကို
ကြည့်လိုက်တော့ သေချာပေါက် ရိပေါ်ပါပဲပန်းအိုးကို ရှောင်ကျန့် သေချာကြည့်လိုက်တော့
ဒါ သေချာပေါက် ရိပေါ်ဝယ်ပေးခဲ့တဲ့
ပန်းပင်လေးပဲ ဒါ ဒါဆို သူ ဒါကို
သွားပြန်ယူလာတာလား....."ရိပေါ်..ဒါလေးက..."
"ငါ့ ဝန်ထမ်းတစ်ယောက်ပြန်လာတာကြုံတာနဲ့
ဝင်ယူခိုင်းလိုက်တာ..."ရိပေါ် ဆိုသော လူစားသည်
လူတစ်ယောက်ရဲ့ အသည်းနှလုံးကို
ဘယ်လို ခြွေချရမလဲ ဆိုတာပါ
သူသိသည် တကယ်တော့ သူဟာ
အသည်းကို ခြွေချတာ မဟုတ်ဘူး
မခြွေခင်ထဲက ကျွန်တော့အသည်းက
ကြွေကျနေတာ........💓"အာ..ကျေးဇူးပါ...ရိပေါ်..."
"မင်း ..သင်တန်းသွားရမယ်မလား.."
"အာ..ဟုတ်သားပဲ ညက ရိပေါ် ပြန်မလာတာနဲ့
ဒီမှါ ထိုင်စောင့်ရင်း မေ့နေတာ..."
ရိပေါ်လည်း ရှောင်ကျန့်ကို
သင်တန်းလိုက်ပို့လိုက်လေသည်"ဒီနေ့ သင်တန်းမှာ ဆရာအသစ်ရောက်တယ်"
"ဆရာက အဆင်လေးနော်..အဟိ..."
ရှောင်ကျန့် သင်တန်းကို ဝင်ဝင်လာချင်း
ကောင်မလေးတွေ တီးတိုးပြောနေတာကို
ကြားလိုက်သည်
ဒါပေမဲ့ လည်း ဂရုမစိုက်ပါ
သူဂရုစိုက်တာ ဝမ်ရိပေါ် ဆိုတဲ့
လူသားတစ်ယောက်သာ ရှိသည်ဆရာ အတန်းထဲကို ဝင်လာတော့
ရှောင်ကျန့် လှည့်မကြည့်ဖြစ်ပါ
သူ့စိတ်ထဲမှာ ဆရာဆိုသော လူသားဟာ
ပန်းချီပညာလောက် စိတ်ဝင်စားဖို့
ကောင်းမနေဘူးလေရုတ်တရက် ခုံရှေ့မှာ လက် လာထောက်ကာ
"ရှောင်ကျန့် မလား...""ဒီ အသံ ငါ ကြားဖူးပါတယ်..."
ရှောင်ကျန့် မော့ကြည့်လိုက်တော့
"ဟာ ချန်ကော..မလား.."
YOU ARE READING
💛Please Don't Go Away💛
FanfictionWang Yibo "ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါလား....." Xiao Zhan "ကျွန်တော် ခင်ဗျားရဲ့ အနားကနေ ထွက်ပြေးသွားတာမဟုတ်ပါဘူး ပေါ့ပါးနေတဲ့ စက္ကူငယ်လေးလို လွင့်ထွက်သွားခဲ့တာ"