Zawgyi
Ep 17
"မင်းကို ထွက်သွားခွင့်ပေးမယ်ဆိုရင်
ငါ ဒဏ်ရါရတဲ့ အခါ ဘယ်သူကပြုစုပေးမှာလဲ
တွေ့လား..မင်းမရှိရင် မဖြစ်ပါဘူးဆိုတာ.."
ရိပေါ် ပြောလိုက်တော့"အဟင့်..ရိပေါ်က ကျွန်တော့်ကို လိုအပ်လို့လားဟင်...အဟင့်..."
မျက်ရည်လေးတွေကျကာ ရှိုက်ရင်းနဲ့
ပြောလေတော့ ရိပေါ်က ပြောလာသည်"မင်း ငိုတာ မကြည့်ချင်ပါဘူးဆိုကွာ..မငိုနဲ့တော့ကွာ...နော်..."
မျက်ရည်စလေးတွေကို လက်မလေးနဲ့
သုတ်ပေးတော့ ရှောင်ကျန့်ဆိုတဲ့
အကောင်ပေါက်လေးက
ပြုံးပြလာသည်"နောက်ဆို ရိပေါ်ကို ပြန်ခံမပြောတော့ဘူးနော်
အဟင့်..ရိပေါ်ဘာသာတွေ့ချင်တဲ့သူနဲ့တွေ့..အဟင့်...ကျွန်တော့်ကိုတော့ မစွပ်စွဲပါနဲ့တော့နော်
ကျွန်တော်က ရိပေါ်ကို သစ္စာမဖောက်ပါဘူး.""အစတည်းက ဒီလို လိမ္မာမှပေါ့..ငိုထားတာ နှပ်တွေလည်း ထွက်နေပြီ..ကလေးကြနေတာပဲ.."
ရိပေါ်က ညှင်ညှင်သာသာလေးပြောနေသည်တကယ်ပါ သူ ရှောင်ကျန့်ကို
သံယောဇဉ်ရှိပါတယ် သူ့ပါးကြောင့်သာ
အပြစ်မဲ့တဲ့သူကို နှိပ်စက်သလို ဖြစ်နေတာ.."ဟီး..ရိပေါ်ရဲ့ ကလေးလေး..."
ရှောင်ကျန့်က ရိပေါ်ကို ရယ်ကျဲကျဲနဲ့ ပြောတော့"စကားတွေ သိပ်တတ်နေတယ်ပေါ့..လာဉီး..
ဒီပေါင်ပေါ်ကို..."
ရိပေါ်က သူ့ပေါင်ပေါ်ကို လာထိုင်ရန်
ပေါင်ကို ပုတ်ပြတော့
ရှောင်ကျန့် ချက်ချင်းပဲ ထိုင်လိုက်လေသည်"နောက်ခါတွေ့ရင် တွေ့တဲ့ နေရာမှာ တင်
အသေသတ်မှာနော်..."
ရိပေါ် က ပြောတော့"ဟုတ်...နောက်ဆို ရိပေါ်က ကိုယ့်ကိုယ့်ကို နာကျင်အောင် မလုပ်ရဘူးနော်..."
ရှောင်ကျန့်က ရိပေါ်လက်လေးကို ကိုင်ကာ
ပြောလိုက်လေသည်"ပေးတယ် ..."
ရိပေါ်က ရုတ်တရက်ကြီး ထပြောလိုက်တော့"ဟမ်..ပေးတယ်..ဘာပေးတာလဲ.."
ရှောင်ကျန့် အူတူတူလေးနဲ့ ပြန်မေးလေသည်"အရူးလေး..တောင်းတုန်းကတောင်းပြီး
မေ့နေပြန်ပြီ...."
ရိပေါ်က ခေါင်းလေးကို ပုတ်ပြီးပြောတော့
YOU ARE READING
💛Please Don't Go Away💛
FanfictionWang Yibo "ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါလား....." Xiao Zhan "ကျွန်တော် ခင်ဗျားရဲ့ အနားကနေ ထွက်ပြေးသွားတာမဟုတ်ပါဘူး ပေါ့ပါးနေတဲ့ စက္ကူငယ်လေးလို လွင့်ထွက်သွားခဲ့တာ"