Zawgyi
Ep 10
ရိပေါ် အခန်းအပြင်ဘက်ကို ထွက်သွားပြီး
စိတ်ငြိမ်အောင် ကော်ဖီဆိုင်ကို သွားထိုင်နေသည်ငါ မင်းနဲ့ ထိတွေ့ပြီးရင်
ငါ့ စိတ်တွေဘာဖြစ်နေတာလဲ
ငါ မင်းကို ချစ်နေတာတော့မဟုတ်ပါဘူးနော်
ငါ့မှာ ချစ်သူရှိနေတာပဲ ဟုတ်တယ်
ရင်ခုန်သံတွေ မြန်နေတယ် ဆိုတာ
မောနေလို့ ဟုတ်တယ် မောနေလို့....
(မောရအောင် ရှင်က ဘာလုပ်နေလို့..🙂)ရိပေါ် ထွက်သွားတော့ အခန်းထဲမှာ
ရှောင်ကျန့် တစ်ယောက်တည်း ကျန်ခဲ့လေသည်ရက်စက်မှ ကြိုက်တဲ့သူဟာ
ကျွန်တော့်ကို ထားခဲ့ပြီး ထွက်သွားပြန်ပြီ...ရိပေါ်ရေ ငါ လောဘတွေ တက်နေမိတယ်
ငါ့ကို နည်းနည်းလေးများပြန်ချစ်နိုင်မလားဟင်
လူကို ဒီထက်ရူးအောင် မလုပ်ပါနဲ့
အစောတည်းက အရှုံးပေးပြီးသားမို့
အနာပေးလိုက် ဆေးပေးလိုက်တော့
မလုပ်လိုက်နဲ့ ရိပေါ်.....ညနေခင်းရဲ့ အလှကို ဝင်သွားတဲ့
နေမင်းကြီးက ဖော်ဆောင်နေသည်
နေ့လည်တည်းက ထွက်သွားတဲ့ ရိပေါ်
ခုထိ ပြန်မလာသေးပါ
ဘယ်ရောက်နေလဲ ဆိုတော့ သေချာပေါက်
ဆူး ဆီမှာပဲ ရှိနေမှာပေါ့ ... ထားပါ
ဒါတွေကို ကျွန်တော် တွေးမနေတော့ပါဘူး..ရှောင်ကျန့်ဆိုတဲ့ ကျွန်တော်ဟာ မျှော်နေခွင့်ပဲ
ရှိတာမို့ မျှော်နေရဉီးမှာပေါ့...ရှောင်ကျန့် ရိပေါ် ဝယ်ပေးတဲ့ပန်းပင်လေးကို
ထိုင်ကြည့်နေတုန်း
အခန်း တံခါး ပွင့်လာသည်
ဒါ သေချာတယ် ရိပေါ် ဆိုတာ မမှားနိုင်ဘူးလေ"ရိပေါ် ပြန်လာပြီလား.."
ရှောင်ကျန့် ..ရိပေါ်ကို လှမ်းမေးတော့"ငါနဲ့ အပြင်သွားရအောင်.."
ဆိုပြီး ရှောင်ကျန့်ကို အတင်းဆွဲခေါ်သွားသည်ကားပေါ်ရောက်တော့
"မသေချင်ရင် ခါးပတ်ပတ်ထား.."
ရိပေါ် ပြောပြီး ကားမောင်းကာ
အရှိန် တင်လိုက်သည်ရိပေါ်ရယ် ရိပေါ်ရဲ့ အမုန်းတွေကို ခံရတည်းက
ကျွန်တော်က သေပြီးသားပါ
ဒီ ထက်ပိုပြီး သေဖို့ရော လိုသေးလို့လား...
CZYTASZ
💛Please Don't Go Away💛
FanfictionWang Yibo "ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါလား....." Xiao Zhan "ကျွန်တော် ခင်ဗျားရဲ့ အနားကနေ ထွက်ပြေးသွားတာမဟုတ်ပါဘူး ပေါ့ပါးနေတဲ့ စက္ကူငယ်လေးလို လွင့်ထွက်သွားခဲ့တာ"