Ep 2

2.8K 200 3
                                    

Zawgyi

🖤Please Don't Go Away🖤
Ep 2

မင်္ဂလာ ခန်းမ ထဲတွင် ရိပေါ် တစ်ယောက်
နာရီကို ကြည့်ကာ စိတ်တိုနေပြီ
"ရှောင်ကျန့် မင်းတော့ တွေ့မယ် မင်းက ငါ့ကို
စမ်းတာပေါ့...ခုထိ မလာသေးဘူး.."

မလာတဲ့ အဆုံး ရိပေါ်  ရှောင်ကျန့်ကို
သွားခေါ်မယ်ဆိုပြီး ခြေလှမ်းရန် အလုပ်
ခြေလှမ်းတောင် မလှမ်းနိုင်
ရပ်တန့်သွားလေသည်

ကြီးကြီးမေရဲ့ လက်ကိုတွဲကာ
သူ့ဆီကို လာနေတဲ့
အဖြူရောင်သတို့သားလေး ကျန့်ကျန့်
မြင်ရတာ နတ်သားလေးတစ်ပါးအလားပဲ
ရိပေါ် ကျန့်ကျန့်ရဲ့ အလှမှာ ခဏတာမှင်သက်ပြီး
နေရာမှာတင် ကြောင်တောင်ကြီးရပ်နေမိသည်
ဒီနေ့ကြမှ မင်းဟာ အတောက်ပဆုံးဖြစ်နေတာပဲ

ယောကျာ်းလေးတစ်ယောက်ကို
လှတယ်လို့ မသုံးနှုန်းသင့်ပေမဲ့
မင်းကတော့ တကယ်လှတာ.......

ရိပေါ် သူ့ကိုယ်သူလည်း ဘာဖြစ်သွားမှန်းမသိ
ပြီးမှ သတိ ပြန်ဝင်လာပြီး
သတို့သားရပ်တဲ့ နေရာမှာ
ကျန့်ကျန့်ကို စောင့်နေလိုက်သည်

ကြီးကြီးမေ လွှဲပေးခဲ့တဲ့ ရှောင်ကျန့်ရဲ့
လက်လေးကိုကိုင်ကာ ဖာသာရှေ့တွင်
ကတိသစ္စာပြုလေသည်

"သတို့သား ရိပေါ်သည် သတို့သား ရှောင်ကျန့်ကို
အသက်ထက်ဆုံး သစ္စာရှိစွာ ပေါင်းသင်းပါမည်လား...."
(လျှောက်ရေးတာနော်..သာသာလည်း
လက်မထပ်ဖူးတော့ မသိဘူး....😁)

ဖာသာရဲ့ စကားအဆုံးမှာ
ရိပေါ်က ရှေ့မှာရပ်နေတဲ့ ရှောင်ကျန့်ကို
ပြုံးပြလေသည်
အပြုံးကတော့ အသက်မပါတဲ့အပြုံး
"သတိထားနေတော့ "ဆိုတဲ့ အပြုံးကြီးပြုံးပြီးမှ

"ဟုတ်ကဲ့ ပေါင်းသင်းပါမည်.."

ရိပေါ်ရယ် မင်းအပြုံးမှာ
အဓိပ္ပါယ်တွေအများကြီးပါတယ်ဆိုတာ
ငါသိနေပေမဲ့
ငါ့မှာ ပြောပိုင်ခွင့်မရှိဘူး
အမှန်တရား မပေါ်မချင်း
ငါဟာ မင်းရဲ့ အရုပ်တစ်ရုပ်မျှသာ ဖြစ်နေမှာ....

ဖာသာက ကျန့်ကျန့်ကို ပြန်မေးတော့
ကျန့်ကျန့်ကလည်း
"ပေါင်းသင်းပါမည် ..."
ဆိုပြီး ကတိသစ္စာပြုကြလေသည်

💛Please Don't Go Away💛Where stories live. Discover now