Zawgyi
Ep 14
"ဟင့်အင်း...မပြောပါနဲ့..စွန့်ပစ်မယ်လို့
မပြောလိုက်ပါနဲ့..."
ရှောင်ကျန့် ရင်ထဲကသာ ဆုတောင်းနေမိသည်ရိပေါ်လည်း ရှီးချန်ရဲ့ ကော်လံစကို
ဆောင့်ဆွဲကာ
"မင်း စောက်ပါးစပ်ကို ပိတ်ထားလိုက်..ဒါ
ငါတို့ ကိစ္စ မင်းနဲ့ဆိုင်လား...""ငါနဲ့ မဆိုင်ပေမဲ့ ရှောင်ကျန့်နဲ့ ပတ်သက်လာရင်တော့ ဝင်ပြီး ပြောသင့်ရင် ပြောရမှာပဲ.."
"ဟာ.မင်းက မမှတ်ဘူးပဲ ..ဘာလဲ ထပ်ထိုးရမှာလား..."
ရိပေါ် ပြောပြီး ရှီးချန်ကို လက်ရွယ်လိုက်တော့
ရှီးချန်က ခေါင်းကိုမော့ပေးကာ"ထိုး..ထိုး..မင်းကြိုက်သလောက်ထိုး..ထိုးပြီးရင်တော့ ရှောင်ကျန့်ကို အပြီးပိုင်စွန့်လွှတ်ရမယ်.."
"မင်း...မင်း..."
ရိပေါ် တကယ်တမ်း စွန့်လွှတ်ရမယ်ဆိုတော့
စိတ်တွေ တအားတိုနေမိသည်"မင်း က မင်းမှာရှိတဲ့ သူကို တန်ဖိုးမထားဘဲ
နှိပ်စက်နေမဲ့ အတူတူ စွန့်ပစ်လိုက်တာက
သူ့အတွက် သက်သာပါလိမ့်မယ်...""ဟာ...ဒီကောင် တော်တော် လျှာရှည်တာပဲ
မင်း အပူပါလား...""ရှောင်ကျန့်က မင်းအတွက်မဟုတ်ဘူး
ငါ့ အတွက်ပဲ မင်း သူ့ကို မချစ်ဘူးမလား
စွန့်ပစ်လိုက်...ငါ့ အတွက်တော့
အရမ်းကို တန်ဖိုးရှိတယ်..."
ရှီးချန် ပြောလိုက်တော့ ရိပေါ်တအားစိတ်တိုကာ
လက်သီးနဲ့ နှစ်ချက် ဆင့်ထိုးပစ်လိုက်သည်"ရိပေါ် တော်ပါတော့ မထိုးပါနဲ့တော့...ချန်ကောလည်း ဒဏ်ရါတွေနဲ့..တော်သင့်ပြီ.."
ရှောင်ကျန့် ဝင်ပြောရတော့သည်"မင်း အကောင်ပြောတာတွေကြားလား
မင်း လည်း သူ့နောက်လိုက်သွားချင်နေတာလား
သွား....လိုက်သွား...သွား...."
ရိပေါ် ရှောင်ကျန့်ကို တွန်းလွှတ်လိုက်တော့
ရှောင်ကျန့် လဲကျသွားလေသည်ရှောင်ကျန့် ရိပေါ်ရဲ့ ခြေထောက်ကို ဖက်ကာ
"မသွားဘူး ..ဘယ်မှမသွားဘူး..ရိပေါ်က
သွားလို့ ပြောနေတာတောင် ဒီလို
ဖက်တွယ်ထားမှာ....."
မိုးရေတွေနဲ့အတူ မျက်ရည်များက
အတားအဆီးမဲ့စွာ စီးဆင်းနေသည်
ESTÁS LEYENDO
💛Please Don't Go Away💛
FanficWang Yibo "ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါလား....." Xiao Zhan "ကျွန်တော် ခင်ဗျားရဲ့ အနားကနေ ထွက်ပြေးသွားတာမဟုတ်ပါဘူး ပေါ့ပါးနေတဲ့ စက္ကူငယ်လေးလို လွင့်ထွက်သွားခဲ့တာ"