🌙 Episode ㅡ 13 🌞

106 13 1
                                    

(Zawgyi)

Jessica  တစ်ယောက် ကားမောင်းနေတာကို စိတ်မကပ် အလောတကြီးနဲ့ နေ့တစ်ဝက် နားကာ ထွက်သွားတဲ့ သူမရဲ့ Yoong အကြောင်း စဉ်းစားနေမိလေသည်။ လမ်းမမှာလည်း ကား အနည်းငယ်သာရှိပြီး မြို့ပြမီးထိန်ထိန်တွေအောက်မှာ ညချမ်း အလှက ထင်ရှားလို့နေလေသည်။ သူမ ခါတိုင်းဆို အလုပ်က ပြန်ရင် ဒီလောက်နောက်မကျပေ၊ ဒီနေ့ကတော့ သူမရဲ့ နှစ်ယောက်မရှိသော ချစ်သူငယ်ချင်းနဲ့ အာလူးဖုတ်ရင်း CEO စုတ် အကြောင်းအား သူမ မကျေနပ်သမျှ အတင်း သွားတုပ်ခြင်းကြောင့် နောက်ကျ သွားလေသည်။

Jessica - "  အနည်းဆုံးတော့ ဘယ်ကို သွားမလဲ ငါ့ကို ပြောသွားသင့်တယ် အဲ့ မျက်နှာရူးစုတ်၊ ငါ့ကြတော့ အလုပ်တွေနဲ့ ပစ်ထားခဲ့တယ်၊ မုန်းဖို့ကောင်းလိုက်တာ "

ဟိုက မမြင် မကြားမှန်းသိပေမယ့် ဆူပုတ်ပုတ် မျက်နှာပေးဖြင့် ရှိသမျှ အဆဲစာလုံးတွေနဲ့ ဆဲဆိုနေတုန်း Jessica တစ်ယောက် သူမရှေ့မှာ မြင်နေရတဲ့ မီးပွိုင့်မှ မီးနီလေး ပြသဖြင့် သူမလည်း စက်ကို အရှိန် သတ်လိုက်လေသည်။ ဟုတ်သား သူမ CEO စုတ်ကို ဆဲနေတာ သူမတို့ ရပ်ကွက်ထဲ ရောက်တော့မည်ကိုပင် ခုမှ သတိထားမိလေသည်။ ထိုစဉ် မျက်လုံးက မီးနီမိနေတုန်း အငြိမ်မနေပဲ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကာ စူးစမ်းနေတုန်း သူမ မြင်မိတာက တစ်စုံ တစ်ယောက်ရဲ့ကား၊ အတိအကျ ပြောရမယ်ဆို သူမ CEO စုတ်လို့ အမည်ပေးထားတဲ့ Yoona ရဲ့ ကားက သူမတို့ ရပ်ကွက်နားက စတိုးဆိုင်ရှေ့မှာ ရပ်ထားလေသည်။ သူမလည်း ကားကို ကြည့်နေတုန်းမှာပဲ
ကားထဲမှ ထွက်လာတဲ့ လူနှစ်ယောက်၊ ထို လူနှစ်ယောက်မျက်နှာကို တစ်ဖက်လမ်းက လာတဲ့ ကားရဲ့ အလင်းရောင်က လှမ်းထောက်လိုက်တော့ သူ ထင်ထင်ရှားရှား မြင်လိုက်ရသည်က Im Yoona နှင့် သူ့ ညီမ Krystal ပင်။ ထို့နောက် နှစ်ယောက်သား ရယ်ရယ်မောမောဖြင့် စတိုးဆိုင်ထဲ ဝင်သွားသည်ကိုပါ တဆက်တည်း မြင်လိုက်ရလေသည်။

Jessica - " ဘယ်လိုဖြစ်လို့.... "

သူမ တီးတိုးရေရွတ်နေတုန်းမှာပဲ မီးပွိုင့်က မီးစိမ်းသွားသဖြင့် သူမ နောက်က ကားက ဟွန်းကို သံရှည်ဆွဲပြီး တီးနေလေသည်။ တကယ်တည်း ကားတွေ မရှိတော့တာကို ကျော်တက်မသွားပဲ ခုမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာနေတယ် ဟုသာ ငြီးတွားရင်း သူ့ညီမ မမြင်ခင် ကားကို အရှိန်မြှင့်ကာ အိမ်သို့ ဦးတည်လိုက်လေသည်။

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now