Bonus

214 16 0
                                    

(Zawgyi)

Jessica ရဲ့ အဖြေကြောင့် နှစ်ဖက်မိဘတွေ အကုန် လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ကာ Yoona တစ်ယောက်လည်း မယုံနိုင်စွာနဲ့ သူမကို ကြည့်နေလေသည်။

Mr.Jung - " သေချာလား သမီး Yoona နဲ့ လက်မထပ်ချင်တာ? အင်း.. အကြောင်းပြချက် တစ်ခုခု ရှိသေးလား? "

အေးအေးဆေးဆေး မေးလာတဲ့ ဖခင်ဖြစ်သူကို အားနာတဲ့ အကြည့်လေး ကြည့်ရင်းပင်..

Jessica - " အကြောင်းပြချက်ရယ်လို့တော့ မရှိပေမယ့် သမီး ဒီတိုင်းပဲ လက်မထပ်ချင်လို့ပါ Appa ၊ နောက်ပြီး သမီး ဒီနေ့ ဒီ တွေ့ဆုံပွဲကို လာတာကလည်း အန်တီနဲ့ အန်ကယ်တို့ကို လူကိုယ်တိုင် တွေ့ပြီး တောင်းပန်ချင်လို့ပါ၊ အားလုံးကို တောင်းပန်ပါတယ်လို့ အကုန် Ready ပြင်ပြီးခါမှ ခုလို ပြောရလို့၊ နောက်ပြီး သမီး ဆုံးဖြတ်ချက်အတွက် နားလည်ပေးကြဖို့ တောင်းဆိုချင်ပါတယ် "

Mr.Im ကတော့ သဘောထားကြီးသူပီပီ နားလည်ပါတယ်ဟူသော အကြည့်နဲ့ မတော်လိုက်ရတဲ့ ချွေးမလေးအား ကြည့်နေလေတယ်။ သားချစ်သူ Mrs.Im မှာတော့ သူမအပေါ် နည်းနည်း စိတ်ကွပ်သွားပုံရလေသည်။ အားလုံး အတွေးကိုယ်စီနဲ့ စားပွဲဝိုင်းလေးမှာ ခေတ္တ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အသံတစ်ခုက ထွက်လာလေတယ်။

" Appa နဲု့ Omma တို့ သားတို့ နှစ်ယောက်ကို ခဏလောက် စကားပြောခွင့်ပြုပါဦး "

Mr.Im - " မင်းက ဘာပြောဦးမှာလဲ ဟိုက လက်မထပ်ချင်တော့ပါဘူးဆိုနေမှ "

သား အဖ အချင်းအချင်း အရှက်လာခွဲနေတဲ့ အဖေဖြစ်သူအား ဘု ကြည့် ကြည့်ရင်း..

Yoona - " သားတို့ မနက်က ရန် နည်းနည်း ဖြစ်ထားလို့ နားလည်မှုလွဲနေတာလေးကို ဖြေရှင်းချင်လို့ပါ ခဏလေး 4 ၊ 5 ၊ တစ်နာရီလောက်ပါပဲ "

ဟု ပြောပြီးတာနဲ့ ပွစိ ပွစိပြောနေတဲ့ မိဘနှစ်ပါးနဲ့ ယွခမလောင်းတို့ကို မသိချင်ယောင်ဆောင်ကာ Yoona တစ်ယောက် Jessica လက်ကိုဆွဲပြီး ခေါင်မိုးထပ်သို့ခေါ်လာလေတယ်။

**********************

At rooftop.........

Yoona - " ဘယ်လိုဖြစ်ရတာလဲ Sica ၊ Yoong ကို ပြောပါဦး ဘာလို့များ Yoong နဲ့ လက်မထပ်ချင်ရတာလဲ? Yoong မှာ ဘာလိုအပ်ချက်တွေများ ရှိနေလို့လဲ? "

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now