🌙 Episode ㅡ 8 🌞

269 37 10
                                    

( Zawgyi )

' ဟ ဟ ဟ ဟ Good Morning ပါဗျာ '

အခန်းရှေ့က ခပ်လွင်လွင် ရယ်သံတစ်ခုကြောင့် မျက်နှာရူး CEO ရောက်လာပြီမှန်း Jessica သိလိုက်လေတယ်။ သို့ဖြစ်၍ စောနက CEO အခန်းထဲ ဖိုင် သွားတင်ပေးထားတုန်းက အစွန်း တစ်ဖက်ထွက်နေတဲ့ ပုံလေးကို မိန်းကလေးတို့ သဘော စပ်စုပြီး ကြည့်မိရာမှ ဖြစ်ပေါ်လာတဲ့ အပြုံးတွေကို ချက်ချင်း ရုတ်သိမ်းကာ ထုံးစံအတိုင်း မျက်နှာထား တည်တည်နဲ့ ထိုင်နေရာက မရွေ့ပဲ ဆက် ထိုင်နေလေတယ်။ အဲ တစ်ခုပြောချင်တာကတော့ Jessica မြင်ပြီး ပြုံးစိစိ ဖြစ်သွားတဲ့ ဓာတ်ပုံဆိုလို့ drama တွေထဲကလို မင်းသားက မင်းသမီးပုံလေး ခိုးရိုက်ထားတာကို မင်းသမီးက မြင်သွားပြီး ပြုံးတဲ့ အပြုံးမျိုးတော့ မထင်လိုက်နဲ့ဗျ။ Jessica တွေ့လိုက်ရတဲ့ ပုံက ဟိုတစ်လောက Mr.Im က သူ့သားကို စနောက်ပြီး လာပြတဲ့ ပုံ။ တစ်နည်းအားဖြင့် Yoona မွေးကာစတုန်းက ဘာအဝတ်အစားမှ မပါပဲ ထိုင်နေသည်ကို ရိုက်ထားတဲ့ပုံ………

" Clip "

တံခါးဖွင့်သံနှင့်အတူ ထုံးစံအတိုင်း ခေါင်းကအရင် ဝင်လာတဲ့ Yoona အခန်းထဲ လေအေးပေးစက် ဖွင့်မထားပေမယ့် ပုံမှန်ထက် ရေခဲမှတ် မြင့်တက်နေသလို ခံစားရသဖြင့် အခန်းထဲပဲ ဝင်ပြေးရန် ကြံလိုက်သော်လည်း မနေ့က ငြီးငြူနေတဲ့ Jessica ရဲ့ ပုံရိပ်တွေကြောင့် ခြေလှမ်းတွေက Jessica ဆီကိုသာ ဦးတည်မိလိုက်လေသည်။

Yoona - ' အဟမ်း Good Morning Sica '

သူမ ခုံရှေ့ လာနှုတ်ဆက်နေတဲ့ မျက်နှာရူး CEO ဖြစ်သူကြောင့် Jessica လည်း စိတ်မပါ လက်မပါဖြင့် ကိုယ်ကို ကိုင်းညွတ်ကာ………

Jessica - ' Morning CEO '

ဟု တုံးတိကြီး ပြောပြီးတာနဲ့ ပြန်ထိုင်သွားသော Jessica ကြောင့် ရှေ့ဆက်မေးရမယ့် Yoona တစ်ယောက် ဇဝေဇဝါ ဖြစ်သွားလေပြီ။

Yoona " မနေ့တုန်းကနဲ့ မတူပါလားဟ T.T မနေ့တုန်းကကျ ငါ့ကို အပြုံးတွေလည်း ရက်ရက်ရောရောကြီး ပေးခဲ့တာကို Ashhh မိန်းကလေးတွေ စိတ်များ လိုက်လို့ကို မမှီတော့ဘူး "

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now