🌙 Episode ㅡ 12 🌞

130 24 0
                                    

( Zawgyi )

Morning..

Jessica - " အဲ့ဆို သမီး အလုပ်သွားပြီနော် omma , Appa "

Jessica တစ်ယောက် ခြံရှေ့ တံခါးပေါက်နားကနေ အသံကိုမြှင့်၍ အိမ်ထဲမှ မိဘနှစ်ဦးအား လှမ်း နှုတ်ဆက်ကာ ခြေလှမ်းများက အိမ်ရှေ့မှာ ရပ်ထားတဲ့ သူမ ကား ရှိရာဆီသို့.........

သို့သော်ငြား သူမ ကားဆီတောင် မရောက်သေးခင် တံခါးပေါက်ဖွင့်ဖွင့်ခြင်းမှာပဲ အလက် လက်ထနေတဲ့ အရာတစ်ခုကြောင့် သူမ အောက်ကို ငုံ့ကာ ကြည့်လိုက်တော့ Tie Clip အကြီးစားတစ်ခုကို တွေ့လေရာ သူမလည်း စိတ်ထဲ မြင်ဖူးသလိုလိုရှိ၍ ကောက် ကြည့်လိုက်လေသည်။

Jessica - " ဒီ Tie clip လေးကို မြင်ဖူးသလိုပဲ ဘယ်မှာပါ......... Ahhhh ဟုတ်သား Yoong.. Yoong အမြဲတပ်နေကြဟာလေးမလား?? ဒါမယ့် ဟုတ်ပါ့မလား? တူတာပဲနေမှာပါလေ "

Sica တစ်ယောက် သူမ လက်ထဲမှာ ကိုင်ထားတဲ့ ကလစ်လေးက Yoona နက်ကတိုင်မှာ အမြဲတပ်လေ့ရှိတဲ့ Clip ကလေးနဲ့ တော်တော်တူနေတာကြောင့် Yoona ဟာများလားဆိုပြီး ဖင်လှည့် ခေါင်းလှည့်ကြည့်နေလေသည်။
ထို့နောက် နောက်ကျောဘက်မှာ IM YOONA ဆိုသော စာတန်းထွင်းထားသည်ကို တွေ့လိုက်ရသည့်အခါမှ သူ့ ကျားကျားဟာမှန်း သိသွားပြီး.........

Jessica - " သူ ငါ့ကို လိုက်ပို့တုန်းက ပြုတ်ကြနေခဲ့တာလား? Arrnyi မဟုတ်လောက်ပါဘူး သူ ကားပေါ်တက်သွားတဲ့ထိ ငါ ကြည့်နေပေးခဲ့တာပဲ၊ အဲ့တုန်းက ရှိပါသေးတယ် နောက်ပြီး ငါ့ကို ဒီနားထိမှ သူလိုက်မပို့တာ၊ နောက်တစ်ခေါက် ပြန်လာသေးတာများလား? Arr ဟုတ်သား နောက်တခေါက်ဆိုမှ သတိရတယ်
အဲ့တာဆို ညက ငါတွေ့လိုက်တဲ့ SooJung နဲ့ ရပ် စကားပြောနေတာ သူပဲနေမှာ ၊ ဒါမယ့်.. "

(အမလေး မယ်ရှီခါတို့များ မကြိုက်ဖူးလေး ဘာလေးနဲ့ ကားပေါ်တက်တော့မယ့်သူရဲ့ နက်ကတိုင်က ကလစ်တောင်သေချာလိုက်ကြည့်ထားတာနော် :") :") )

" ဟဲ့ သမီး အလုပ်သွားတော့မယ်ဆိုပြီး အပေါက်ဝမှာ မတ်တပ်ကြီး ဘာရပ်လုပ်နေတာလဲ? "

Jessica အတွေးတွေဟာ အနောက်က ထွက်ပေါ်လာတဲ့ အဖေဖြစ်သူရဲ့ အသံကြောင့် ပြတ်တောက်သွားလေသည်။

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now