🌙 Episode ㅡ 11 🌞

352 24 3
                                    

( Zawgyi )

Jessica - " ဘယ်သူများပါလိမ့် သူ သဘောကျနေတဲ့သူက။ အား ငါက ဘာလို့ ဒါကို စိတ်ဝင်စားနေရတာလဲ သူ ဘယ်သူ့ကို ကြိုက်ကြိုက်ပေါ့။ဒါမယ့် ကောင်းတောင် ကောင်းသေးတယ် သူ တစ်ခြားသူကို ကြိုက်နေရင် ငါနဲ့ မင်္ဂလာ ဆောင်စရာမလိုတော့ဘူး။ အဲ ဟုတ်လောက်မယ် ငါ သူနဲ့ မင်္ဂလာ မဆောင်ချင်လို့ သူ ဘယ်သူ့ကို ကြိုက်နေတယ်ဆိုတာ သိချင်နေတာဖြစ်မယ်။ ဟုတ်တယ် သေချာ confirm ချင်လို့ သိချင်တာနေမှာပါ။ တစ်ခြား အတွေးတွေ မဝင်စမ်းနဲ့ Relax Jessica "

ညဥ့်နက်လာလေလေ အတွေးတို့က ပိုမို နက်နဲလာလေလေ ဖြစ်ရာ Jessica တစ်ယောက် အတွေးလှိုင်းတို့ လျှောက်ပြေးနေသဖြင့် စိတ်ပြေလိုပြေငြား ပြတင်းပေါက်ဖွင့်ရင်း လေကောင်းလေသန့်ရှူရန် ပြင်လိုက်လေသည်။ ထို့နောက် သူမ ပြတင်းပေါက် နှစ်ချပ် မဖွင့်ရသေးခင်မှာပဲ မြင်လိုက်ရသည်က သူမတို့ အိမ်ရှေ့မှာ ကာင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်  ရပ်ပြီး ပွစိပွစိနဲ့ တီးတိုး စကားပြောနေကြလေတယ်။ ထို့နောက် စကားပြောနေကြရင်း ကောင်လေးဖြစ်သူက ခေါင်း ငိုက်စိုက်ကြသွားတော့ ကောင်မလေးက ထိုကောင်လေး ပခုံးအား လက်နဲ့ 2 ချက် သုံးချက်လောက် ဆင့်ပုတ်ပေးနေလေတယ်။

Jessica - " ဟင် ဘယ်သူတွေပါလိမ့် Yoong များလား။ ဒါမယ့် သူက အခုအချိန်လောက်ဆို သူ့အိမ် ပြန်ရောက်လို့တောင် အိပ်ရင် အိပ်နေလောက်ပြီ။ အင်း မဟုတ်လောက်ပါဘူး တစ်ကယ် သူသာဆို အိမ်ထဲ ဝင်မှာပေါ့ ဘာလို့ အိမ်ရှေ့ မတ်တပ်ကြီး ရပ်နေမှာလည်း။ အား နင်တော့ တစ်ကယ်ပဲ ဘာလို့ တစ်ခုခုဆိုတာနဲ့ သူ့ပဲ ပြေးမြင်နေရတာလဲ ကျွတ်စ် တော်ပြီဟာ အိပ်တာပဲ ကောင်းတယ် " (whisper)

သူမလည်း ဘယ်သူတွေလည်းဟု ရှင်းရှင်းလင်းလင်း သိနိုင်ရန် ပြတင်းပေါက်ကို ဖွင့်ချလိုက်တော့ သူမ တံခါးပေါက်မှ ကျွီခနဲ အသံမြည်သွားသည်နှင့် တစ်ပြိုင်နက် ကောင်လေးဖြစ်သူက ရုတ်ချည်း ပြေးထွက်သွားလေတယ်။

စိတ်ပြေလို ပြေငြား လေညှင်းခံဖို့ ပြင်လိုက်မှပဲ အောက်က မြင်ကွင်းကို မိန်းကလေးတို့ သဘာဝ မစပ်စုလိုက်ရသဖြင့် အောင့်သက်သက် ခံစားချက်ကြောင့် နည်းနည်း ကောင်းနေသေးတဲ့ စိတ်တွေတောင် ပိုဆိုးသွားသဖြင့် Jessica တစ်ယောက် တံခါးပေါက်ပြန်ပိတ်ရန် ပြင်လိုက်စဉ်မှာပဲ စောနက သူမတို့ အိမ်ရှေ့ ရပ်နေတဲ့ သူမ သဲသဲကွဲကွဲ မမြင်လိုက်ရတဲ့ သူတွေထဲက ကောင်မလေးဖြစ်သူက သူမတို့ အိမ်ထဲကို ဝင်လာလေရာ အလင်းရောင်အောက် ရောက်မှ သေချာ ကြည့်လိုက်တော့.........

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now