🌙 Episode ㅡ 10 🌞

228 23 0
                                    

( Zawgyi  )

After 1 week later………

' မင်းတို့ ၂ ယောက်အခြေအနေ တိုးတက်မှုရှိရဲ့လား? '

ထမင်းစားပြီးတော့ ဧည့်ခန်းထဲမှာ အချိုတည်းနေကြတဲ့ Im Family ရဲ့ အိမ်ဦးနတ်ဖြစ်သူ Mr.Im မှ စကား စလိုက်ရာ သူ့ စကားကို Yoona ကြားတော့ ခက်ရင်းနဲ့ ထိုးယူထားတဲ့ ပန်းသီးစိပ်ကို ပါးစပ်ထဲ ထည့်ဝါးလိုက်ပြီး သူ့ အဖေကို ကြည့်ကာ………

Yoona - ' ဒီလိုပါပဲ Appa '

သူရဲ့ အဖြေကို သဘောမကျသွားတဲ့ Mr.Im တစ်ယောက် မျက်မှောင်ကို ကျုံ့လိုက်ကာ သူ့သားကို စိုက်ကြည့်ပြီး………

Mr.Im - ' မင်းဟာကလည်း အဖြစ်မရှိလိုက်တာကွာ တစ်ပတ်ကျော်သွားတာတောင် အဖြေကို ရေရေရာရာ မပေးနိုင်ဘူး '

Mr.Im စကားကို ကြားတော့ ပန်းသီး အခွံနွှာနေတဲ့ Mrs.Im လက်တွေ တုန့်ခနဲ ရပ်တန့်သွားကာ ဓားကို ချလိုက်ပြီး သူ့ ယောကျာ်းကို ခပ်ဆတ်ဆတ်ကြည့်ကာ………

Mrs.Im - ' ရှင်ကလည်း ကလေးကို အဲ့လောက်မပြောပါနဲ့။ သူလည်း ကြိုးစားနေတာပဲလေ။ ရှင့် ချွေးမဖြစ်မယ့်သူက သူ့ကို ဖြဲခြောက်နေမှတော့ သားက ရှေ့တိုးရဲပါ့မလား '

ဒီ တစ်ခါတော့ Mr.Im တို့ အကဲပိုလွန်းတဲ့ မိန်းမဖြစ်သူကို ခပ်ထေ့ထေ့ ပြန်ကြည့်ရင်း………

Mr.Im - ' ငါ့သား ဒီလို ပျော့တိ ပျော့ဖတ်ဖြစ်နေရတာလည်း အဓိက တရားခံက မင်းပဲ။ တစ်ခုခုဆို မပြောလိုက်နဲ့ ထိပ်က ပိတ်ပြီး ကာပြီ။ ချစ်တာကလည်း ချစ်ပါ မင်းဟာက ချစ်လွန်းတော့ ဟိုကလေးက အခုထိ ဘာမှ သူ့ idea ထုတ်သုံးတယ်ဆိုတာ မရှိတော့ဘူး။ မင်း သားက နောင်တစ်ချိန် ငါ့ နေရာ ဆက်ခံပြီး အိမ်ထောင်ဦးစီး လုပ်ရဦးမှာ အခုကတည်းက သူ့ လမ်းသူ တစ်ယောက်တည်း လျှောက်တတ်အောင် လွှတ်ထားသင့်ပြီ မင်း သေချာ ပြန်စဉ်းစား။ နောက်ပြီး Jung မျိုးရိုးကလည်း အသိုင်းအဝိုင်းသန့်ပြီး စိတ်ချရတဲ့သူတွေ။ သူတို့သားသမီးမှ ချွေးမ မတော်ရင် ဒီ ကမ္ဘာကို ပတ်ရှာ ချွေးမကောင်းဆိုတာ ထွက်လာမှာကို မဟုတ်ဘူး '

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now