🌙 Episode ㅡ 4 🌞

414 52 14
                                    

( Zawgyi )

Krystal တစ်ယောက် သူ့ အစ်မ လက်ချက်ကြောင့် တံခါးပေါက် နားမှာ မျက်နှာကို အုပ်ကာ ဒူးထောက် ထိုင်ချလိုက်တဲ့ သူ့ ခဲအိုနားသို့ အပြေး ရောက်သွားပြီး ဆွဲ ထူပေးလေတယ်။ ဖြစ်ပုံက အိမ်အကူ အဒေါ်ကြီးက ပန်းပင်တွေ ရေလောင်းနေတုန်း Yoona ရောက်လာသည်ကို တွေ့သွားတော့ Mr. Jung တို့ ပြောထားသည့် အတိုင်း တံခါး တန်း ဖွင့်ပေးလိုက်ကာ အိမ်ထဲ ဝင်စေသည်။ သို့ပေမယ့် သူရဲ့ ဇနီးလောင်းကတော့ သူ့အား လူနဲ့ မကြိုဆိုပဲ ခေါင်းအုံးနဲ့ အာဘွားပေးခိုင်း၍ ကြိုဆိုလိုက်ခြင်းပင်။

Jessica တစ်ယောက် Yoona ကိုလည်း မှန်သွားရော သူမ အိမ်ခန်းထဲသို့ လစ်သွားတာ အစအနတောင် မတွေ့တော့ပေ။ Mr. & Mrs. Jung ကတော့ ထိုင်ရမလို ထရမလိုနဲ့ သူတို့ သားမက်အား အားတွေ နာနေလေတယ်။

Krystal - ' Oppa Gwinchanna? '

Yoona - ' Ughhh Gwinchanna Kry ah '

Mrs. Jung - ' ဒီ ခေါ်ခဲ့လေ Soojung လာ သားလေးရေ အဲ့လိုပဲ သူတို့ ညီအစ်မ တစ်တွေက အမြဲ စနောက်နေကြတာ '

Mrs. Jung က အားနာပြုံးလေး ပြုံးကာ ပြောလေတယ်။ ထိုအခါမှ ရှုံ့တွနေတဲ့ Yoona မျက်နှာက သူ့ ယောက္ခမ လောင်းကြီးအား သွား ၂၄ ချောင်း အကုန်ဖြီးပြကာ.........

Yoona - ' Arrrrr အဆင်ပြေပါတယ် အန်တီရဲ့ '

Mr. Jung - ' ကဲ Soojung အပေါ် သွားပြီး သမီး အမကို ပြန်ခေါ်လာခဲ့ '

Krystal - ' Nae Appa '

Krystal သူ့ အဖေကို ခေါင်းညိတ်ပြပြီး သူ့ ခဲအိုဘက် လှည့်လိုက်ကာ Yoona ကို ဆိုဖာမှာ ထိုင်ဖို့ အမူအယာနဲ့ ပြပြီးတာနဲ့ အပေါ်ထပ် တက်သွားလေတယ်။ Yoona လည်း သူ့ ခယ်မလောင်း ပြောသွားတဲ့ အတိုင်း ထိုင်ခုံမှာ ထိုင်လိုက်တော့ Mr. Jung က စတင်ပြီး မေးခွန်းတွေ မေးလာလေတယ်။

Mr. Jung - ' ဒါနဲ့ သမီးလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား? '

Yoona - ' Arrrrr Nae အန်ကယ် ။ အဆင်ပြေပါတယ်။

Mr. Jung - ' Ashhhhh အန်ကယ်က ဘာလဲ? မနက်ဖြန် သဘက်ခါ မင်္ဂလာ ဆောင်ရတော့မှာပဲကို Appa omma ခေါ်တော့ပေါ့ '

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now