🌙 Episode ㅡ 15 🌞

132 15 3
                                    

(Zawgyi)

15 minute later..

" Knock Knock "

ဒုတိယအကြိမ် တံခါးခေါက်သံကြောင့် Sica တစ်ယောက် ဖတ်လတ်စ စာအုပ်မှ အကြည့်များကို တံခါးဆီ ပို့လိုက်ကာ..

Jessica - " ဝင်ခဲ့ပါ "

သူမပြောလိုက်တော့ တံခါးပေါက်ကို ဖင်နဲ့တွန်းကာ နောက်ပြန် ဝင်လာသည်မှာ မျက်နှာရူးစုတ်၊ လက်ထဲမှာလည်း ပစ္စည်းတွေက အစုံအလင်ပင်။ ထို့နောက် သူမ ဘေးနားက စားပွဲပေါ်မှာ ဆန်ပြုတ်ပန်းကန်ချကာ လက်ထဲက ရေဇလုံကိုလည်း ကြမ်းခင်းပေါ်သို့ ချလိုက်လေသည်..

Yoona - " ဟီး ဆန်ပြုတ် ပြန်နွှေးနေလို့ နည်းနည်းလေး သေးသေးလေး ကြာသွားတယ် "

လက်မနဲ့ လက်ညှိုးကိုထိကာ ချစ်စဖွယ် လုပ်ပြနေပေမှန်းသိပေမယ့်လို့ သူမ အကြည့်တွေကိုတော့ Yoona ဆီ မပို့မိတော့ပေ။ Yoona ကတော့ သတိမထားမိ သူ့ရဲ့ အပေါ်ဝတ် Coat ကိုသာ ချွတ်နေပြီး ခုံပေါ်တင်ကာ ရှပ်အင်္ကျီကို တံတောင်ဆစ်အထိ ခေါက်တင်လိုက်လေသည်။ ထို့နောက်  Jessica ကို ကြည့်လိုက်ပြီး..

Yoona - " ဟိုလေ Sica ၊ Sica ရေချိုးခန်းက ဘယ်မှာလဲ? "

Jessica - " ညာဘက်က တံခါးအဖြူနဲ့ အခန်းပါ Yoong "

Yoona - " Naeeee "

ဟု ပြောပြီး ရေဇလုံကို ကိုင်ကာ အခန်းထဲ ဝင်သွားပြီး သိပ်တောင် မကြာလိုက်ပဲ ရေတစ်ဝက်နဲ့ ရေဇလုံကိုကိုင်ပြီး ပြန်ထွက်လာလေသည်။ ထို့နောက် Sica နား ရပ်လိုက်ပြီး လက်ထဲမှ စာအုပ်ကို ဆွဲယူလိုက်ကာ..

Yoona - " နေမကောင်းရင် အထူးသဖြင့် ခေါင်းကိုက်နေရင် ခုလိုတွေ အာရုံစူးစိုက်ရမယ့် အလုပ်တွေမလုပ်ပါနဲ့ လာ လှဲလိုက်ပါ "

ဟုပြောပြီး စောင်ကို အောက်ဆွဲချလိုက်ကာ ဒူးတစ်ဖက်ကို ခုတင်ပေါ်ထောက် ခြေထောက်တစ်ချောင်းက အောက်ချရက်တန်းလန်းနဲ့ Jessica လည်ဂုတ်အောက် ဘယ်ဘက် လက်က လျှိုဝင်ကာ ညာဘက်လက်က Sica ခြေထောက် နှစ်ချောင်းကို မလိုက်လေသည်။ မ တာကတော့ အဆင်ချောပေမယ့် မချောတာက အောက်အချမှာပင်၊ စလင်းဘော်ဒီ Im Yoong  တစ်ယောက် စကားနဲ့ လှဲခိုင်းလို့ရတာကို ရိုမန့်တစ်ဆန်ချင်တာနဲ့ ခုလိုလုပ်လိုက်တော့ ထောက်ထားတဲ့ ခြေထောက်ခဗျာ တဆတ်ဆတ်တုန်နေလေသည်။ ဒီလိုနဲ့ အသာယာဆုံနည်းနဲ့ ခုတင်ပေါ် လှဲချနိုင်ရန် တစ်လက်မ အကွာမှာပဲ ဟန်ချက်က မရတော့ပဲ Sica လည်း ခုတင်နဲ့ ကျောနဲ့ အထိ၊ သူ့မျက်နှာနဲ့ Sica မျက်နှာတို့မှာလည်း ထိရန် နည်းနည်းလေးသာ လိုသွားလေသည်။ ထိုအချိန် ခဏလေးအတွင်းမှာတော့ နှစ်ယောက်သား ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲတဲ့ည ဖြစ်နေကာ..

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now