🌙 Episode ㅡ 6 🌞

377 52 2
                                    

( Zawgyi)

• ဂြီ •

ကော်ဖီအေး သောက်နေစဉ် ထွက်ပေါ်လာတဲ့ ဗိုက်ထဲက စစ်ပွဲအသံကြောင့် Jessica မလုံ မလဲ ဖြစ်ကာ မတ်တပ် ရပ်နေတဲ့ Yoona ကို မသိ မသာ ကြည့်လိုက်တော့ ဟိုက ကြောင် တောင်တောင် ရုပ်နဲ့ သူမအား စိုက် ကြည့်နေလေသည်။ ထို့နောက်………

Yoona - ' ဗိုက် ဆာနေတာလား? Jessica '

ထိုကဲ့သို့ ဘွင်း ခနဲ ကွင်း ခနဲ မေး ချလိုက်တဲ့ Im Yoona ကြောင့် နှစ် တစ်ထောင် အချေ ဘွဲ့ ရထားတဲ့ မယ် Sica ခဗျာ မျက်နှာကို ဘယ် ခြုံထဲ သွား ဝှက် ထားရမှန်း မသိအောင် ရှက် သွားရလေသည်။ ဟုတ်သားပဲ သူမ မနက်က Kry နဲ့ စိန်ပြေး လိုက်နည်း ကစား လိုက်တော့ မနက်စာ မစား ရသေးဘူးလေ။ သို့သော်လည်း ထိုကဲ့သို့ ဒိန်း ခနဲ ဒိုင်း ခနဲ မေး ချလိုက်တဲ့ Yoona အား………

Jessica - " အရူး ချီးထုပ် သူ ပွင့်လင်းတာကြီးကလည်း လွန် လွန်းအားကြီးတယ် အစုတ် ပလုတ် မျက်နှာရူး "

ထိုသို့ Sica တစ်ယောက် Yoona အား စိတ်ထဲမှ ချီးမွမ်း ထောပနာ ပြုပြီးတာနဲ့ အတတ်နိုင်ဆုံး အပြုံး မပျက်ပင်။

Jessica - ' မဆာပါဘူး Yoona ရဲ့ ဘာလို့လဲ? '

Yoona - ' Arrrrrrr မဟုတ်ပါဘူး အဲ့တာဆို ကျွန်တော် နားကြား မှားတာ နေမှာပါ ခုန……… '

• ဂြီ •

ဟော… သစ္စာ ဖောက် ခံရခြင်းထဲမှာ အနီးကပ် အရာက သစ္စာ ဖောက်တာက ခံရတာ အဆိုးဆုံး ဆိုသလိုပဲ အခုလည်း အရေးကြုံမှ သစ္စာ ထ ဖောက်သွားတဲ့ သူမ အစာအိမ် လေးအား Jessica တစ်ယောက် အသံတိတ် ကြိမ်ဆဲ မိလိုက်လေသည်။

Yoona - ' Ha ha ကဲပါ Jessica ရယ် ရှက်မနေပါနဲ့ လာ တစ်ခုခု သွား စားရအောင် '

ရှက်ပါတယ်ဆိုမှ အရှက်ပေါ် အရှက် ဆင့်အောင် ပြောနေတဲ့ ထို လူမှုရေး မသိတတ် / အရိပ် သုံးပါး မပြောနဲ့ တစ်ပါးတောင် နားလည်မည် မထင်သော CEO ကိုတော့ Sica တစ်ယောက် သူမ အစာအိမ်ကို ကြိမ်ဆဲတာထက် 9 ဆ လောက် ပို ဆဲ မိလိုက်လေသည်။

Ice VS Heat {Completed} (Z+U) ☑ Where stories live. Discover now