အပိုင်း(၁)အဖြစ်အပျက်တို့စတင်ခြင်း

1.7K 63 1
                                    

Unicode

လောကကြီးမှာ မြင်အပ်တဲ့အရာရှိသလို မမြင်အပ်တဲ့အရာတွေလည်းရှိတယ်။ လူတိုင်းဟာ မွေးဖွားပြီးရင် သေဆုံးခြင်းနယ်ပယ်ထဲကို ပြန်သွားရတယ်။ အနှီသေဆုံးခြင်းနယ်ပယ်က လူတိုင်းမဖြစ်နေသွားရမယ့်နေရာပေလေ။ လူတစ်ချို့ကတော့သေဆုံးခြင်းနယ်ပယ်ထဲကို ရောက်သွားပြီး အချိန်မတန်သေးသောကြောင့် မူလခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာကြသည်။ အချို့ကကြ အချိန်မတန်ဘဲ မကောင်းမှုတွေ များလွန်းသောကြောင့် ခေါ်ဆောင်ခြင်းခံရသည်။
ဘယျလျိုပဲပွောပွောသဆေုံးခွငျးနယျပယျက လူတိုင်းကိုအမြဲ တံခါးဖွင့်ကြိုဆိုနေလျက်ပင်။

"ဘယ်သူလဲ"

အရှေ့တွင်ပေါ်လာသော ဖြူလွှလွှ အရိပ်လေးကိုကြည့်ပြီး ဖေရန် မေးခွန်းထုတ်လိုက်သည်။ တစ်နေရာရာမှာ မြင်ဖူးလေသည် ဒါပေမယ့် ဘယ်နေရာမှာလဲ ဘေးကပတ်ဝန်းကျင်တစ်ခုလုံးကလည်း မှောင်မဲပေမယ့် နီရဲပူပြင်းသည့်မီးလျှံများက အလင်းပေးထားသဟန်။ မီးဖွဲတွေက ခန္ဓာကိုယ်ပေါ် ကျရောက်ပေမယ့် ပူလောင်ခြင်းကိုမခံစားရ။ ဖေရန် မသိစိတ်ကသိနေသောအရာရှိသည် ထိုအရာများဟာ သူ့အတွက်အိမ်မက်ဆိုတာပါလေ။

ဖေရန်တစ်ယောက် ညကမက်သော အိမ်မက်ကြောင့် ညလယ်ကတည်းက နိုးနေပြီး ပြန်အိပ်၍မရတော့လို့ မနက်ထိအိပ်ယာထဲတွင် လူးလိမ့်နေမိသည်။ ဖေရန်တစ်ယောက် မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် အတိတ်မေ့နေသည်ဖြစ်ပြီး သူပြန်သတိရတဲ့အချိန်မှစ၍ ဝိဥာဉ်တွေကို မြင်ရလေသည်။ အခြားလူကြားလျှင် မယုံနိုင်ပေမယ့် သူပြန်သတိမရခင်က အိမ်မက်လိုလို အစစ်အမှန်လိုလို သေဆုံးခြင်းနယ်ပယ်ဆီ ရောက်ဖူးသည်။

ဖေရန် တစ်ချိန်လုံးမနေ့ညက အိမ်မက်အကြောင်းတွေးနေသည်။ သူ၏ အိမ်မက်ထဲတွင် အဖြူဝတ်စုံသာဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်ကို သူတွေ့ခဲ့သည်။ သို့ပေမယ့် သူထိုကောင်လေးရုပ်ကို မမြင်ရပေ။ အနှီကောင်လေးမှာ ဖေရန်၏မေ့ပျောက်နေသော အတိတ်နှင့်ဆက်စပ်နေသယောင် မသိစိတ်ထဲကနေ ရင်းနှီးသည်ဟု ထင်မိသည်။

"ဦးလေး ကျွန်တော် မနက်စာမစားတော့ဘူးနော်"

ဖေရန်ဟာ သူ့ကိုဖခင်သဖွယ် စောင့်ရှောက်သော ဦးလေးကိုပြောလိုက်လေသည်။ ထိုလူဟာ ဖေရန်၏အသက်သခင် ကျေးဇူးရှင်ဆိုလည်း မှားနိုင်ဖွယ်မရှိ။ ဖေရန်ကို တောင်အောင်တွင်တွေ့၍ ဆေးကုပေးရင်း သူ့သားအရင်းလို စောင့်ရှောက်ထားခြင်းဖြစ်သည်။ ဖေရန်ကတော့ သူဝိဥာဉ်တွေကို မြင်ရသည့်အကြောင်းပြချက်ဖြင့် မိုးလင်းကမိုးချုပ် နယ်တကာလှည့်ပြီး ဝိဥာဉ်တွေကို ကျွတ်လွတ်အောင် ကူညီပေးသည်။ သို့ပေမယ့် သူမိုးခြုပျထျိ နယ်တကာပတ်ကာ ကူညီသည်ဆိုပေသော်လည်း နေ့တိုင်းတော့ အိမ်ကို အရောက်ပြန်လာလေသည်။

ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete] Where stories live. Discover now