Unicode
" အရှေ့ကမြို့ကိုသွားမလား "
ဟွာဇီက ရှေ့တက်သွားရင်းနဲ့ခပ်လှမ်းလှမ်းမှာ မြို့ရိုးကိုတွေ့တော့ ဖေရန်ကိုမေးလိုက်သည်။
" သွားရအောင် တစ်ခုခုထူးဆန်းရင်ထူးဆန်းမှာ "
ဖေရန်လည်းဟွာဇီညွှန်ပြလိုက်သော နေရာတွေ့တော့ချက်ချင်းသွားဖို့ လက်ခံလိုက်လေသည်။
မြို့ထဲဝင်တော့ မြို့ရိုးကိုစောင့်နေတဲ့ အစောင့်တွေက သဘောကောင်းသည်ထင်သည်။ သူတို့ကိုမဟောက်ဘဲ သာမန်အတိုင်းစစ်ဆေးပြီး ဒီအတိုင်းသာဝင်ခွင့်ပေးလိုက်သည်။ဖေရန်ကို သိသလိုမျိုးဖြင့် နှုတ်တောင်ဆက်လိုက်သေးသည်။" သဘောကောင်းကျသားပဲနော် "
ဟွာဇီကမြို့ထဲဝင်ပြီးတာနဲ့ဖေရန်ကို စကားစပြောလေသည်။ ဖေရန်ကတော့မြို့ ထဲရောက်သည်နှင့်အရင်ဆုံးရှာမိသည်က သူတို့နားဖို့ တည်းခိုဆောင်ပါလေ။
" ဗျို့နောင်ကြီး ဒီမှာတည်းခိုဆောင်ကဘယ်မှာလဲ "
ဖေရန်သည် လမ်းသွားလမ်းလာတစ်ယောက်ကို မေးလိုက်တော့သည်။
" ကျွန်တော်တို့မြို့မှာတည်းခိုဆောင်နှစ်ခုရှိတယ် တစ်ခုကဈေးကြီးတယ် တစ်ခုကတော့ဈေးပေါတယ် ခင်ဗျားတို့ အနေနဲ့ဒီမြို့မှာတည်းမယ်ဆိုရင် ဈေးကြီးတဲ့တည်းခိုဆောင်မှာပဲ တည်းဖို့အကြံပြုပါတယ် ဘာလို့လဲဆိုတော့ "
အနှီလူက ပြောမလို့ကြံရင်း ပတ်ပတ်လည်ကိုကြည့်မိလိုက်သည်။ ပြီးမှသူကဆက်၍
" ဈေးပေါတဲ့တည်းခိုဆောင်က သရဲခြောက်လို့ပဲ "
သူကစကားကို ခပ်တိုးတိုးလေး သာပြောလိုက်သည်။ ဖေရန်လည်းသူ့ဆီက ထိုအသံကြားတော့စိတ်ဝင်စားသွားသည်။ သူလိုက်မေးစရာတောင်မလိုတော့။
" ဒီကနောင်ကြီး ကျွန်တော်မေးပါရစေ ဘယ်လိုခြောက်တာလဲ "
ဖေရန်က စိတ်ဝင်စားစွာပင်မေးလိုက်သည်။ ထိုလူကနည်းနည်းတော့ကြောက်နေသည့်ပုံပါလေ။ သို့ပေမယ့် ဖေရန်မေးတော့ဖြေရသည်။
YOU ARE READING
ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete]
Spiritualတစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး။ 1.12.2020-20.12.2020 တစ်ခါတစ်လေ အချစ်ကိုဦးနှောက် မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့်...