>Unicode<
ဖေရန်တစ်ယောက် အိမ်တော်ထဲသို့ ပြန်ရောက်တော့ အခန်းထဲတွင်လမ်းလျှောက်နေရင်း အချိန်ကောင်းကိုစောင့်နေသည် အကြောင်းကတော့ ယခုအချိန်ထိသူတို့က မအိပ်သေးပါလေ။ အစက သူတို့ကိုဖေရန်ဖွင့်ပြောပြီး ခန္ဓာကိုယ်ကို ယူချင်ပေမယ့် လက်မခံလောက်ဘူးဟု ဖေရန်ထင်မိသည်။
”သခင်မဆိုတဲ့ တစ်ယောက် အပြင်ထွက်သွားတယ် ခင်ဗျားသူ့အခန်းထဲက အရုပ်သွားယူအုန်း”
အပြင်ဘက်တွင်အခြေအနေကို စောင့်ကြည့်နေတဲ့ဟွာဇီက သခင်မအပြင်ထွက် သည်ကိုမြင်သည်နှင့် အခန်းထဲဖောက်ဝင်လာပြီး ဖေရန့်ကိုပြောလိုက်သည်။ သူတို့အရုပ်ပါ ယူရအုန်းမည်မှတ်လား။
ဖေရန်လည်း ဟွာဇီပြောသည်နှင့် ချက်ချင်းပင အခန်းအပြင်ကိုထွက်လိုက်ပြီး သခင်မအခန်းကိုသွားလေသည်။ တော်သေးသည်က ထိုအခန်းက ဖေရန့်အခန်းနှင့် မျက်နှာချင်းဆိုင်မှာပါလေ။ ဖေရန်လည်း အသံမကြားအောင် ခိုးကြောင်ခိုးဝှက်ဝင်လိုက်ပြီး ဟွာဇီပြောသည့် နေရာ၌အရုပ်က်ိုရှာလေတော့ သူတွေ့သွားလေသည်။ အဘယ့်ကြောင့် ဒီအရုပ်ကိုအခြားလူတွေရှာမတွေ့လဲမသိ။ ဖေရန်လည်း အနှီအရုပ်ကို ဝတ်စုံလက်ထဲတွင် ထည့်လိုက်ကာ အပြင်ပြန်ထွက်လာတော့သည်။”အမေ့”
ဖေရန်အခန်းအပြင်ဘက်တော့ ထွက်တော့ သခင်မကို ရေနွေးကြမ်းလာပို့သော မိန်းကလေးကို မမြင်ခဲ့ပေ။ တော်သေးသည်က တိုက်ရုံသာတိုက်ပြီးမကျကွဲသွားလို့ မဟုတ်ရင်သူလည်း မလျော်နိုင်။
”ဆရာလေးက သခင်မအခန်းထဲ ဘာလို့ရောက်နေတာလဲ”
ထိုမိန်းကလေးက မေးလိုက်သည်။
”သြော်အဲဒါက မြို့စားမင်းဆီသွားမလို့ပါ အဲ့တာအခန်းမသိတာနဲ့ မှားဝင်မိတာပါ”
ဖေရန်ကမျက်နှာချိုသွေးရင်းပြောလိုက်သည်။
သူလူမိသွားလို့တော့မဖြစ်ပါလေ။”အဲဒါဆို ကျွန်မဆရာလေးကိုမြို့စားမင်းဆီ ခေါ်သွားရမလား”
”ရတယ်ရတယ် အခုတော့မလိုတော့ဘူး မနက်မှပဲသွားတော့မယ် အခုလုပ်စရာလေးရှိနေလို့ ခွင့်ပြုပါ ”
YOU ARE READING
ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete]
Spiritualတစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး။ 1.12.2020-20.12.2020 တစ်ခါတစ်လေ အချစ်ကိုဦးနှောက် မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့်...