အပိုင်း(၁၀)နန်းတွင်းပုန်ကန်မှု

131 10 0
                                    

>Zawgyi<

"မိဖုရား အခုဘယ်ကိုသွားနေတာလဲ ဘုရား"

အထိန်းတော်က မိဖုရားမူသွားနေသော နေရာက ယောကျာ်းလေးမိဖုရား၏ အဆောင်ဆိုတာ သိသွား၍ မေးလိုက်သည်။ မိဖုရားမူကတော့ ရုက်ကို မာမာထန်ထန်လုပ်လိုက်ကာ အထိန်းတော်ဘက်ကို လှည့်လိုက်သည်။

"အခုဆိုမင်းကြီးက သူ့ဆီမသွားတာအတော်ကြာပေါ့ ဒါကြောင့်သူဘယ်လိုခံစားနေရမလဲ သွားကြည့်ရုံပါ"

မိဖုရားမူကပြောပြီးသည်နှင့် ဟိုဘက်ပြန်လှည့်လိုက်ကာ သူမသွားမည့်ဆီကို သွားလိုက်သည်။ တကယ်တော့သူမက ဟွာဇီ့ကို ရှင်းလင်းပစ်ချင်ပေမယ့်မင်းကြီးပစ်ထားသည့် ဒီခြောက်လအတွင်း သူမအခွင့်အရေးမရပေ။ မိဖုရားက ဟွာဇီအဆောင်နားက ဥယျာဉ်ရောက်တော့ အရှေ့ကမြင်တဲ့မြင်ကွင်းကြောင့် သူမ မထွက်လာတော့ဘဲ ပုန်းပြီးကြည့်နေမိသည်။ ဘာလို့ ဟွာဇီကစစ်သူကြီးနဲ့ အတူရှိနေလဲဆိုတာ သူမ မသိပါလေ။

"ကျင်းလုံ ကျွန်တော့်ကို နန်းတွင်းကခေါ်ထုတ်သွားပါ ကျွန်တော်ဒီမှာအသက်တောင် ကောင်းကောင်းမရှူရဲဘူး မွန်းကြပ်တယ်"

ဟွာဇီက ကျင်းလုံရင်ခွင်ထဲတွင်ရှိနေပြီး ပြောလိုက်သည်။ ကျင်းလုံကလည်း ဟွာဇီ ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ပေးလိုက်ကာ သူတို့နှစ်ယောက်ပဲ ကြားရအောင် ခပ်တိုးတိုးလေး ဆိုလိုက်သည်။

"ကိုယ်မင်းကြီးကို ပုန်ကန်ဖို့လုပ်နေပြီ"

ကျင်းလုံစကားကြားတော့ ဟွာဇီမျက်လုံးအပြူးသားဖြင့် ကျင်းလုံကို ကြည့်လိုက်သည်။ ကျင်းလုံ၏ မျက်နှာကိုကြည့်ရတာ နောက်နေသည်တော့မဟုတ် ။
ကျင်းလုံလည်း ဟွာဇီ့မျက်နှာလေး မြင်တော့ ပြုံးလိုက်ပြီး အထိန်းတော်တွေရှေ့မှာပင် ဟွာဇီကို ပွေ့ချီလိုက်ပြီး ဟွာဇီ့ကိုခေါ်သွားလေသည်။ အားလီနှင့်မိန်လော့ကတော့ ထိုနှစ်ယောက်ကို ကြည့်ရင်းစိတ်ပူမိသည် အကယ်၍ သူတို့နှစ်ယောက်ကို တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ တွေးရင်း စိတ်ပူမိသည်။ ဒါပေမယ့် သူတို့တွေမသိတာက တကယ်လဲ ကျင်းလုံတို့ကို တစ်ယောက်က မြင်သွားသည်ဆိုတာပါ။

ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete] Where stories live. Discover now