>Unicode<
”ခင်ဗျားရဲ့ချစ်သူ မ်ိန်းကလေးကချောလား”
ဟွာဇီကဖေရန့်ကို အပြင်ရောက်သည်နှင့် မေးလိုက်တော့သည်။ တကယ်တော့ သူခုနကတည်းကမေးချင်နေတာပါလေ အစာစားချိန်မို့လို့သာ သူမြန်မြန်ပင် စကားဖျတ်လိုက်ရသည်။
”သူက မိန်းကလေးမဟုတ်ဘူး”
ဖေရန်ကပြောလိုက်ရင်း ဟွာဇီခေါင်းလေးကို ပုတ်ပေးလိုက်သည်။ ထို့နောက် ဘေးတွင်ရှိသော အဝတ်ဆိုင်ကိုဝင်လိုက်သည်။ဟွာဇီကတော့ ဖေရန်ထိသွား ဆံပင်များကို ပြန်ပြင်လိုက်သည်။ ပြီးတော့မှဆိုင်ထဲကိုဝင်လိုက်သည်။
”ခင်ဗျားဘာဝယ်ဖို့လဲ”
”လူကြီးမင်း ဘာအလိုရှိပါလဲ”
ဟွာဇီ့အမေးနှင့် ဆိုင်ရှင်တို့က မေးခွန်းတူသွားတော့ ဟွာဇီပြုံးလိုက်သည်။ ဆိုင်ရှင်တော့ မသိပါလေ။” ကျွန်တော်ဝတ်စုံလာဝယ်တာပါ ”
ဖေရန်၏အဖြေက အရမ်းရ်ိုးရှင်းလှသည်။ မှန်သည် အဝတ်ဆိုင်ကို ဝတ်စုံဝယ်ဖို့လာတာပါလေ။
”လူကြီးမင်းက ဘာအရောင်မျိုးကြိုက်လို့ပါလဲ ”
ထိုဆိုင်ရှင်ကပြောရင်းဖေရန်တို့ကို ဝတ်စုံတွေထားထားသည့်နေရာကို လိုက်ပြသည်။ မိန်းကလေးဝတ်ယောကျာ်းလေးဝတ်အရောင်စုံ ဝတ်စုံတွေက်ို သေချာခေါက်ထားပြီး စီစီရီရီလေးချထားလေသည်။
”မိုးပြာရောင်လေး ခဏပြပါ”
ဖေရန်ကပြောလိုက်တော့ ဆိုင်ရှင်က မိုးပြာရောင်လေးကို ဖြန့်ပြလိုက်သည်။ မိုးပြာရောင်ဟုသာပြောသော်လည်း မိုးပြာနှင့်အဖြူ ဆက်ထားလေပြီး အတော်လေးလှသည်။
”ဒါယူမယ် ဘယ်လောက်ကျလဲ ”
ဖေရန်ကပြောတော့ ထိုဆိုင်ရှင်က ပြန်ခေါက်လိုက်ပြီး စျေးတွက်လိုက်သည်။
”လူကြီးမင်း ငွေငါးစပါ”
ဆိုင်ရှင်က စျေးပြောလိုက်တော့ ဖေရန်လည်းသူ၏ဝတ်စုံလက်ထဲမှ ငွေထုပ်ကိုထုတ်လိုက်ကာ ကျသင့်ငွေကို ရှင်းလိုက်သည်။
YOU ARE READING
ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete]
Spiritualတစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး။ 1.12.2020-20.12.2020 တစ်ခါတစ်လေ အချစ်ကိုဦးနှောက် မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့်...