အပိုင်း(၃)ခရီးအတူထွက်ကြမယ်

396 28 0
                                    

Zawgyi

"ဟွာဇီ"

ဖေရန်တစ်ယောက် ဥယျာဉ်တော်ထဲတွင် ထိုင်နေသော ဟွာဇီ၏ခါးကို အနောက်မှ သိမ်းဖက်လိုက်ကာ ဟွာဇီပါးလေးပေါ်သို့ အနမ်းပွင့်ခြွေလိုက်သည်။

"ကျင်းလုံက ဒီနေ့စောပါလား"

ယင်းကျင်းလုံဆိုသည့်အမည်နာမမှာ ဟွာဇီကဖေရန်ကို ခေါ်လိုက်သောအမည်နာမပါလေ။ ပြီးနောက်ဟွာဇီက သူ၏ရင်ခွင်ထဲသို့ ပိုတိုးကပ်လိုက်သည်။ ဒါကိုမြင်တော့ ဘေးကအစေခံတွေက ဝင်တားရသည်။

"သခင်မ။ သခင်မတ်ို့က အခုအပြင်မှာပါ သခင်မကိုမနာလိုတဲ့လူတွေရှိပါတယ်။ ပြီးတော့ မင်းကြီးရဲ့လူယုံတွေလဲ မြင်သွားရင်မြင်သွားနိုင်ပါတယ် အနေအထိုင်ဆင်ခြင်ပါ"

ဟွာဇီ၏အထိန်းတော်အားလီ က တားလိုက်လေသည်။ မှန်သည်လေ ဟွာဇီကဘယ်လိုပဲဖြစ်ဖြစ် မိဖုရားတစ်ပါးဖြစ်သည့်အလျောက် မနာလိုတဲ့လူတွေရှိလေသည် သို့ကြောင့်သူမက ဟွာဇီတို့ကို စိတ်ပူ၍ပြောလိုက်ခြင်းပါလေ။

"သခင်လေးတို့ကိုဘယ်သူမှမမြင်ပါဘူး စိတ်ချပါ။ စစ်သူကြီးက သေချာစစ်ဆေးပြီးမှ ဝင်လာတာဖြစ်မှာပါ"

မိန်လော့ကဟွာဇီဖြေမည့်အဖြေကို သိနေသည့်အလားဖြေလိုက်သည်။ နန်းတွင်းထဲမှာ ဟွာဇီကိုသခင်လေးလို့ ခေါ်သည်က သူမတစ်ယောက်သာ ရှိလေသည်။ သူမကဟွာဇီထက်အသက်ငယ်ပေမယ့် ဟွာဇီကို ငယ်ငယ်ကတည်းက စောင့်ရှောက်လာသည့်လူပါလေ။

"မိန်လော့ရယ်။ ကျွန်မကစိုးရိမ်လို့ပါ"

အားလီကပြောလိုက်သည်။ သူမတို့က ဟွာဇီနှင့်ကျင်းလုံဆက်ဆံရေးကို သဘောတူပေမယ့် ဒီကိစ္စသာ အပြင်ကိုပေါက်ကြားသွားရင် ဟွာဇီတို့ပဲဒုက္ခရောက်မည်လေ။ ထို့ကြောင့် သူမက ဟွာဇီတို့ဆက်ဆံရေးကို မနှစ်သက်သလိုသာ ဟန်ဆောင်နေလေသည်။

"အော် ဒါနဲ့ကိုယ့်ကိုအပြင်ထွက်စောင့်နေတာလား။ ဘာပြောစရာရှိလို့လဲ အပြင်မှာလေအေးတွေနဲ့မချမ်းဘူးလား"

ကျင်းလုံက ဟွာဇီလက်ဖဝါးလေးကို ညင်သာစွာဆုတ်ကိုင်ပြီးမေးလိုက်သည်။ ဟွာဇီလက်ဖဝါးလေးက ပန်းလေးတစ်ပွင့်လို နူးညံ့လွန်းပေသည်။
ဟွာဇီက ကျင်းလုံကိုပြုံးပြမိလိုက်သည်။ ဟွာဇီအပြုံးက ဖြူစင်လွန်းပေသည်။ တောင်ထိပ်က အေးမြတဲ့လေညှင်းလေးနှင့်တူသယောင်ပင်။

ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete] Where stories live. Discover now