အပိုင်း(၅) အထက်တန်းလွှာက သခင်မလေး

230 28 0
                                    

>Unicode<

”ဒါက အဲ့မြို့စားဆီ တိုက်ရိုက်သွားနေတာလား”

          ဟွာဇီက မြင်းလှည်းထဲတွင် ထိုင်နေရင်း ဖေရန်ကို မေးခွန်းထုတ်မိသည်။

”ဟုတ်တယ် လူယုံက်ို ကိုယ်တို့ရှေ့က အရင်သွားပြောခိုင်းမယ်တဲ့”

        ဖေရန်သည် တီးတိုးဆိုလိုက်သည်။ အမှန်အတိုင်းပြောရလျှင် ယင်းတည်းခိုဆောင်ပိုင်ရှင်က သူထင်ထားသည်ထက် ပိုမျိုးရိုးမြင့်သည်ထင်သည်။ ဒါပေမယ့် ဘာကြောင့် အနှီတည်းခိုဆောင်တွင်ဧည့်ကြိုလုပ်သည်အထိ ၎င်းအပေါ် စွဲလန်းနေလဲမသိ။

”သခင်လေး ရှေ့နားက စံအိမ်ပါ”

          မြင်းလှည်းမောင်းနေတဲ့လူက ဖေရန်ကိုပြော လိုက်တော့ ဖေရန်လည်းအပြင်ဘက်ကို ကြည့်မိလိုက်သည်။ ကြည့်ရသည်ကယင်းစံအိမ်က လူတွေကိုသတင်းပေးပြီးသည်မို့ထင်သူတိုကထွက်ကြို နေလေသည်။
             မြင်းလှည်းသမားလည်း ထိုစံအိမ်ရှေ့တွင် မြင်းလှည်းကိုရပ်ပေးလိုက်တော့ ထိုစံအိမ်မှ အစေခံမလေးတွေက တံခါးလာဖွင့်ပေးသည်။

”ဆရာလေး ကျွန်တော်တို့ ဆရာလေးကို မျှော်နေတာ”

              ထိုလူတွေထဲမှ မြို့စားမင်းနှင့်တူသော လူကြီးမင်းက နှုတ်ဆက်လိုက်သည်။ အမှန်အတိုင်းဆိုလျှင် သူတို့၏မျက်နှာသည် စိုးရိမ်မှုတွေနှင့် ပြည့်နေသည်ကို ဖေရန်သိမိသည်။

”တွေ့ရတာဝမ်းသာပါတယ် မြို့စားမင်း ကျွန်တော်တို့ လာရတဲ့အကြောင်းအရင်းကိုသိတယ်မှတ်လား”

          ဖေရန်ကပြောလိုက်တော့ မြို့စားမင်းက ခေါင်းငြိမ့်လိုက်သည်။ ခုနကလူယုံက အကြောင်းစုံလာပြောပြီးပြီမဟုတ်ပေလား။

”ဟုတ်ပါတယ် ဆရာလေးအထဲကိုကြွပါ”

          မြို့စားမင်းက အိမ်တော်ထဲသို့ဝင်ရန် ပြောကြားလိုက်သည်။ ဖေရန်လည်း သူတို့ပြောသည့်အတိုင်းပင် အိမ်တော်ထဲဝင် သွားလေသည်။

”ဒီမှာထိုင်ပါ ဆရာလေး”

             အိမ်တော်ထဲရှိ အစေခံမလေးများက ဖေရန်ကိုထိုင်ခုံရှိသို့ လိုက်ပြလိုက်ကာဆိုလိုက်သည်။ သူမတို့၏ မျက်နှာထက်တွင် မျှော်လင့်ချက် အရိပ်အယောင်များကိုပါ တွေ့ရသည်။

ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete] Where stories live. Discover now