အပိုင်း(၉)အတိတ်ဆီသို့ပြန်သွားခြင်း

123 9 0
                                    

>Zawgyi<

”စစ်သူကြီးနဲ့သခင်လေး တကယ်သိချင်တာပါနော်”

        နန်းတွင်းထဲရောက်တော့   မိန်လော့က ခုနကဝေါယာဉ်ပေါ်မှာ ဖေရန် ပြောသည့်စကားများအရ ဖေရန်နှင့်ဟွာဇီ အတိတ်မေ့နေသည်ကို သိရှိမိပြီး ၄တို့က သူတို့၏ အတိတ်တွေကို သိချင်သည်ဆိုသောကြောင့် အိပ်မွေ့ချကုထုံးဆရာကို ခေါ်ပြီးကုပေးမည်ဖြစ်သောကြောင့်မေးလိုက်တာပါ တကယ်တော့ သူတို့၏အတိတ်ကမကောင်းသည်ကို မိန်လော့အပြင်ဘယ်သူက သိမှာလဲ။

”ကျွန်တော် တကယ်သိချင်တယ်”

        ဟွာဇီကလက်ခံလိုက်တော့ ဖေရန်ကပါ လက်ခံလိုက်သည်။ ဝိဥာဉ်လိုအရာမျိုးကို အိပ်မွေ့ချသည်က အတော်လေး ရယ်စရာကောင်းပေမယ့် တကယ်လုပ်လို့ရသည်။

”နှစ်ယောက်လုံး မျက်စိမှိတ်ထားပါ”

           ကုထုံးဆရာကပြောတော့ သူတို့နှစ်ယောက်လဲ မျက်စိမှိတ်လိုက်သည်။ ထိုဆရာက ဟွာဇီ့ကိုမမြင်ပေမယ့် ဟွာဇီရှိသည်ကို ယုံကြည်သည်။

”ဒါဆိုဒီချူလုံးအသံဆယ်ချက်ကြားတာနဲ့ မင်းတို့အတိတ်ကိုပြန်သွားမယ် သေချာအာရုံစိုက်ပါ”

”ချွင်....တစ်ချက်”

”ချွင်....နှစ်ချက်”

          ထိုဆရာလည်း တစ်ကနေ တစ်ဆယ်ပြည့်သည်အထိ ချူလုံးကိုလှုပ်ခါလိုက်သည်။

”ချွင်.....ဆယ်ချက်”

            ဆယ်ချက်မြောက်သော အချက်တွင် ဖေရန်ရောဟွာဇီပါ အသိစိတ်တို့ လွင့်ထွက်ပြီး လေဟာနယ်ထဲရောက်သွားကာ သတိမေ့သွားလေသည်။ ၄တို့၏အသိစိတ်က သူတို့မေ့နေသော အတိတ်ဆီသို့....။

-----------––-–-----–-------------
”အိုက်ယား စစ်သူကြီးက နောက်ဆုံးတော့ နန်းတော်မှာအခြေချတော့မှာပေါ့ ”

         အမတ်မင်းတစ်ယောက်က ညီလာခံခန်းထဲ ဝင်လာသောစစ်သူကြီးကျင်းလုံကို ခနဲပြီး မေးလိုက်တော့သည်။ အမှန်အတိုင်းပြောရင် အမတ်မင်းတွေအနေနဲ့ ကျင်းလုံကို သိပ်သဘောမတွေ့ပါလေ။ အကြောင်းကတော့ ပြည်သူတွေက မင်းကြီးထက်ကျင်းလုံကို ပိုပြီးယုံကြည်နေသောကြောင့်ပင်။ သို့ကြောင့်လည်း ကျင်းလုံက နယ်စပ်နားတွင်သာနေရသော်လည်း ယခုပုန်ကုန်ရန်ကြံနေသည်ဟူသော သတင်းအမှားထွက်သောကြောင့် မင်းကြီးအထင်မလွဲအောင် နန်းတွင်းထဲတွင် ခဏနေခြင်းပါ။

ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete] Donde viven las historias. Descúbrelo ahora