အပိုင်း(၇)ပွဲတော်ရက်

108 7 0
                                    

>Zawgyi<

”ဖေရန် ခင်ဗျားဆေးမလိမ်းဘူးလား”

          ဟွာဇီကဖေရန်ကိုမေးခွန်းထုတ်မိသည်။ ခုနက မြို့စားမင်းပေးခဲ့သည့်ဆေးကို ထုတ်မလိမ်းပေ။

”ကိုယ်ကမလိမ်းဘဲနေလို့ရတယ်”

            ဖေရန်က ဆက်ပြောလိုက်သည်။

”ခုနက ခင်ဗျားသွေးတောင်အန်တယ်မှတ်လား။ ဒါကို မလိုဘူးတဲ့လား”

            ဟွာဇီကဖေရန့်ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။ ဖေရန်က ကိုယ့်ကိုကိုယ် နှိပ်စက်တဲ့ လူပေလားဟု ဟွာဇီသံသယဝင်လာသည်။ တစ်ဆက်တည်း သူတစ်ခုကို သတိရသွားသည်။

”မဟုတ်မှ ခင်ဗျားက မိန်းမလှလေးပေးထားလို့ မသုံးရက်တာလား”

             ဟွာဇီကဟုတ်တယ်မှတ်လား ဆိုသည့်သဘောဖြင့် ဖေရန်ကိုကြည့်လိုက်သည်။ ဖေရန်ကတော့ ဟွာဇီကိုကြည့်ရင်း မဲ့ပြုံးတစ်ခု လုပ်လိုက်သည်။

”မင်းကကိုယ့်ကိုစိုးရိမ်နေတာလား ”

”အာ   အဲ့လိုမဟုတ်”

             ဖေရန်ကဟွာဇီကို သူနှင့်မျက်လုံးချင်း ဆုံစေပြီးမေးလိုက်တော့ ဟွာဇီမျက်နှာလွှဲလိုက်သည်။

”သြော် အရင်တုန်းဒီအထုပ်တွေ သွားထားရအောင် ခင်ဗျားလက်ညောင်းမှာပေါ့”

           ဟွာဇီသည် ဖေရန့်အား စကားလမ်းကြောင်း လွှဲလိုက်သည်။

”မင်းညောင်းလို့လား မင်းညောင်းရင် ကိုယ်ကိုင်ပေးမယ်လေ”
  
             ဖေရန်ကပြောရင်း ဟွာဇီလက်ထဲက အထုပ်ကိုယူတော့ ဟွာဇီကသူ၏လက်ကို နောက်ဆုတ်လိုက်သည်။

”ကျွန်တော်က မညောင်းတတ်ဘူးလေ”

              ဟွာဇီကပြောလိုက်သည်။ ဖေရန့်ကိုသူက ဝိဥာဉ်ဆိုတာ ဘာလို့ခဏခဏမေ့နေလဲဟု မေးလိုက်ချင်ပေသည်။

”အယ် ဒီကနောင်ကြီးက ပွဲဈေးကိုလာလည်ဖို့လား”

           လမ်းသွားလမ်းလာတစ်ယောက်က ဖေရန်ကိုအထုပ်တွေနဲ့မြင်တော့ အနားကိုကပ်လာပြီး လာမေးသည်။ တော်သေးသည်က ထိုလူမှာ ဖေရန်စကားပြောနေသည်ကို မမြင်လို့ပါလေ။

ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete] Where stories live. Discover now