{ဇာတ်သိမ်းပိုင်း} ပျောက်ကွယ်သွားသောချစ်ရသူ

1.1K 59 0
                                    


>Unicode<

ဇာတ်သိမ်းပိုင်း

"ဟွာဇီ ဟွာဇီ"

ကျင်းလုံ ဟွာဇီအဆောင်တံခါး ဂျက်ကိုဖွင့်လိုက်ပြီး အထဲကိုဝင်လာတော့ အဆောင်ထဲတွင်လဲကျနေသော ဟွာဇီ့ကိုမြင်ရသည့်အတွက် သူအတော်လေးစိတ်ပူသွားပြီး သူ၏ရင်ခွင်ထဲသို့အလျင်အမြန်ထည့်လိုက်ပြီး ဟွာဇီအမည်နာမကို ခေါ်နေမိသည်။

"ကျင်းလုံလား......ကျွန်တော်......အခုသေသွားပြီလား"

ဟွာဇီက ကျင်းလုံမျက်နှာလေးကို လက်ဖြင့်အုပ်ကိုင်လိုက်ရင်း လေးပင်စွာဆိုလိုက်တော့ ကျင်းလုံကဟွာဇီ့လက်ကလေးကို ပြန်ပြီး ဆုတ်ကိုင်ထားသည်။

"ဟွာဇီ မင်းလေးကဘာလို့သေရမှာပဲ ကျေးဇူးပြုပြီး အဲ့လိုစကားတွေမပြောပါနဲ့ ကိုယ်တို့မင်းကြီးကို သတ်ပြီးပြီ အရာအားလုံးအဆင်ပြေပြီ မင်းလည်းကိုယ့်ဘေးမှာ အချိန်တိုင်းရှိလို့ရပြီ"

ကျင်းလုံက အခြေအနေက်ို အခုထိသတိမထားမိဘဲ ဟွာဇီ့ကိုပျော်သွားရန် ပြောလိုက်သည်။ ဟွာဇီကတော့ ကျင်းလုံစကားကြားတော့ ငိုမိသည်။ ကျင်းလုံလည်း ဟွာဇီရုတ်တရပ်ဘာဖြစ်သွားလဲ မသိပေမယ့် ဟွာဇီ့နှုတ်ခမ်းထက်က ကျဆင်းလာသော သွေးမည်းတွေကြောင့်သူသိလိုက်လေပြီ။

"မင်း အဆိပ်သောက်ထားတာလား"

"ကျင်းလုံသိလား...... ကျွန်တော်ဘဝမှာ အရမ်းချစ်တဲ့လူရှိတယ်... အဲလူနာမည်က......ကျင်းလုံတဲ့"

ဟွာဇီကပြောလိုက်ရင်း ကျင်းလုံကို ပွေ့ဖက်လိုက်သည်။ ကျင်းလုံလည်း ဟွာဇီ့စကားကြားတော့ ဟွာဇီ့ကိုပွေ့ဖက်ကာ ငိုလိုက်မိသည်။

"မင်းဘာမှမဖြစ်ပါဘူး ကိုယ်သမားတော်ကို သွားခေါ်ပေးမယ် ခဏစောင့်ပါ"

"မသွားပါနဲ့.... ကျွန်တော်...နောက်ဆုံးထွက်သက်ထိ ကျင်းလုံကိုဖက်ထားချင်တယ်"

် ဟွာဇီကသမားတော်သွားခေါ်မည် လုပ်နေသော ကျင်းလုံကိုတားလိုက်သည်။ သူအဆိပ်သောက်ထားတာကြာပြီ ဘယ်လိုမှမရတော့သည်ကို သိနေသည်။ ဟွာဇီဘာပဲဖြစ်ဖြစ် ကျင်းလုံဘာမှမဖြစ်ဘူးဆိုတာ သိတာနဲ့တင်ကျေနပ်ပါတယ်။

ကြွေလွင့်သွားသောချစ်သူပုံရိပ်[Complete] Where stories live. Discover now