အဲရစ်မနက်နိုးလာတော့ "အားကျွတ်ကျွတ်
နာလိုက်တာ " ထထိုင်လိုက်တော့ အောက်က မခံနိုင်အောင်နာနေလေသည်။ ရှီဂျင်းက အခန်းထဲဝင်လာကာ
" နိုးပြီးလား မျက်နှာသစ်သွားတိုက်မယ်လာ" ဟုပြောပြီး ပွေ့ချီလိုက်သည်။ အဲရစ် နာနေတာကြောင့် ကိုယ့်ဘာသာမထနိုင်မှန်းသိကာပြောမနေတော့။ ရေချိုးခန်းထဲရောက်တော့ အဲရစ်မတ်တပ်ရပ်ဖို့ ရှေ့ဘေစင်ကိုလက်နှစ်ဖက်နဲ့အားပြုနေရသည်။ ရှီဂျင်းက သူကို့သွားတိုက် မျက်နှာသစ် လုပ်ပေးကာ မီးဖိုခန်းက ထမင်းစားခုံမှာချပေးလိုက်သည်။
" အား နာလိုက်တာ မထိုင်နိုင်ဘူး" ပြောရင်း မျက်ရည်ဝဲလာတာကြောင့် ရှီဂျင်း ဆိုဖာပေါ်က ခေါင်းအုံးသွားယူသည်။ခေါင်းအုံးခု ထိုင်တာတောင်နာတုန်း အဲရစ် စိတ်တိုစွာ ရှီဂျင်းကိုပြောလိုက်သည်။
" မင်းကို ဖင်ကွဲအောင် လုပ်မယ့်သူနဲ့တွေ့ပါစေ"
" အင်း ငါ့ကိုလုပ်ရဲတဲ့သူ ရှာပေးလေ အစမို့လို့ပါ ခဏခဏလုပ်ရင် အကျင့်ဖြစ်သွားမှာပါ "
" ဘာလို့လုပ်ရမှာလဲ ငါစိတ်မဝင်စားဘူး မင်းလုပ်ချင်ရင် ကို့ဘာသာလုပ် "
" ငါ့ဘာသာမလုပ်တတ်ဘူး မင်းလုပ်ပြ"
" မင်း ရှီဂျင်း ငါ့အိမ်ကနေထွက်သွား မင်းကိုမြင်ရတာ ငါအရမ်းဒေါသထွက်တယ်"
" ငါကတော့ မင်းကိုမြင်ရတာ ပျော်တယ် မသွားပါဘူး"
ရှီဂျင်ကပြောကာ သူ့ကိုခေါက်ဆွဲပန်းကန်ပေးကာ " မင်းအရင်စားလိုက်ဦး ဒါမှ အားရှိမှာ
ငါပြောတာမင်းသဘောပေါက်တယ်မို့လား "
အဲရစ် ခေါက်ဆွဲက စားသင့်လားမစားသင့်လား မသိတော့ပါဘူး။အဲရစ်ငိုင်နေတာကိုကြည့်ကာ ရှီဂျင်းက ခေါင်းကိုပုတ်လိုက်သည်။
" ငါကစနေတာပါ မင်းကိုဘာမှမလုပ်ပါဘူး"
" ရှီဂျင်း မင်းငါ့ကို ဟိုvideoကို ဖျက်ပေးနိုင်မလား ငါမင်းရဲ့လိင်ကျွန်မဖြစ်ချင်ဘူး ငါတောင်းပန်ပါတယ် ငါအဲ့ဒါကိုမခံစားနိုင်လို့ပါ
ငါမင်းနဲ့ ဒီလိုမျိုး မပတ်သတ်ချင်တော့ဘူး "
ရှီဂျင်း ဒေါသထွက်စွာ စားပွဲကို ထိုးချလိုက်သည်။
" ငါ့ဘဝမှာ ငါလိုချင်ရင်မရတာ မရှိဘူး
မင်းသိလား ငါအနားမှာနေရဖို့ ဘာပဲလုပ်ရလုပ်ရဆိုတဲ့လူတွေအများကြီးပဲ မင်းကငါ့ကို အချိန်တိုင်းငြင်းနေရတာလဲ မင်းဘာလိုချင်လဲ ပိုက်ဆံလား ပြောလိုက် မင်းဘဝမှာမမှန်းနိုင်လောက်တဲ့
ပမာဏ ငါပေးမယ် "
" ရှီဂျင်း မင်းပြောတဲ့ မင်းအနားမှာနေဖို့ကြိုးစားနေတဲ့သူတွေက အဲ့ပိုက်ဆံကိုကြိုက်တာ
ငါမဟုတ်ဘူး ငါလိုချင်တာ video ကိုဖျက်ပေးဖို့"
ရှီဂျင်း လက်ကသွေးထွက်နေတာမြင်တော့ အဲရစ်လန့်သွားသည်။သူအချိန်တိုင်း အဲရစ်ကိုအနိုင့်ကျင်နေမှာမို့ ပြောနေရတာ စိတ်ထဲမှာတော်တော်လေး လန့်နေပြီ။ငါ့ကိုပိုစိတ်တိုပြီးညိုးမှဖြင့်* အဲရစ်မင်းရူးသွားပြီ *
အဲရစ်မှာ အရဲစွန့်ပြီး ပြောလိုက်ပြီးမှ
ရှီဂျင်းကိုလန့်နေလေသည်။ရှီဂျင်းက ဖုန်းကိုထုတ်လိုက်ကာ အဲရစ်ကိုပေးလိုက်သည်။
" မင်းဘာသာဖျက်လိုက် ပိုစိတ်ချသွားအောင်"
အဲရစ် videoကိုရှာဖျက်လိုက်ကာ ရှီဂျင်းကို ပေးလိုက်သည်။ရှီဂျင်းက ဖုန်းကိုယူကာ ထွက်သွားသည်။ တံခါးပိတ်သံကြားလိုက်မှ အဲရစ် သက်ပြင်းချနိုင်တော့သည်။* ရှီဂျင်းနဲ့သူ နောက်ထပ်ပတ်သတ်မှု မရှိရင်ကောင်းမယ်*
ရှီဂျင်း အဲရစ်အိမ်ကထွက်လာကာ ကားကို အသားကုန်မောင်းတာကြောင့် ယာဉ်ထိန်းရဲတွေ တားတာခံလိုက်ရသည်။ရဲစခန်းမှာ ရှေ့နေရောက်လာတာကြောင့် သူ့အဖေသိသွားပြီးမှန်းသိလိုက်သည်။ ရဲစခန်းကထွက်လာတော့ အဖေ့အတွင်းရေးမှူးက
"သခင်လေးကို ဆရာက ခေါ်ခိုင်းလိုက်လို့ပါ မလိုက်လို့မရပါဘူး"
ရှီဂျင်း မလိုက်ချင်လို့လည်း မရတော့
ကားပေါ်တက်လိုက်ရသည်။အိမ်ရောက်တော့
" အဖေကျွန်တော် ရောက်ပြီ"
" မင်း ဒီအရွယ်ရောက်နေပြီ ပြဿနာ ရှာနေတုန်းလား မင်းကို ငါအများကြီးမျှော်လင့်ထားတာ "
" ..........................................."
" မင်း ကျောင်းပြီးရင် ကုမ္ပဏီမှာအလုပ်ဝင်ရမယ် မင်းကိုငါ့ရဲ့ဆက်ခံသူအဖြစ်ကြေငြာပေးမယ် ဒါကြောင့် ဒီအတောတွင်း ငါဘာမှမကြားချင်ဘူး "
" အဖေ ပြောလို့ပြီးရင် ကျွန်တော်သွားတော့မယ်"
" နေဦး ရှီဂျင်း မင်းငါနောက်အိမ် ထောင်ပြုတာကို မကျေနပ်ဘူးဆိုတာ ငါသိတယ်မင်းငယ်ငယ်တုန်းက ငယ်သေးလို့ လက်မခံနိုင်တာကို ငါနားလည်တယ် ခုအရွယ်ရောက်နေပြီ ကလေးမဆန်နဲ့တော့"
ရှီဂျင်း ဘာမှမပြောပဲ ထွက်လာခဲ့သည်။ အမေ့က သူငယ်ငယ်တည်းက ဆုံးသွားတာကြောင့် ရှီဂျင်းမှတ်ညဏ်ထဲက အမေ့ပုံရိပ်တွေက ဝေဝါးနေသည်။ အမေဆုံးတော့ သူက၈နှစ်သား အမေဆုံးပြီးတစ်နှစ်လောက်ကြာတော့ အဖေက လက်ရှိမိန်းမနဲ့လက်ထပ်ခဲ့သည်။ သူ့အဖေကို နားမလည်ခဲ့ အမေ့နေရာကို
အလွယ်တကူအစားထိုးနိုင်လို့ အဖေ့ကိုမုန်းတယ်။သူ့မိထွေးကောသူ့တို့ကလေးကိုကောမုန်းတယ်။
အဲရစ် ရှီဂျင်းပြန်သွားတော့ အိပ်ခန်းကိုရောက်အောင် အတော်ကြိုးစားလိုက်ရသည်။အိပ်ရာပေါ်မှာလဲရင်း သူစဉ်းစားနေမိသည် ရှီဂျင်းနဲ့ နောက်မတွေ့မိအောင် အတတ်နိုင်ဆုံး နေရမည်။ သူ့ကဒီလို အလွယ်တကူအလျှော့ပေးလိမ့်မည်လို့ မထင်မိခဲ့ဘူး။ သူအတော်စိတ်ဆိုးနေတာပဲ သူ့လက်ကသွေးတွေနဲ့ အဆင်ပြေပါ့မလား။ သူ့မှာ ငါ့လိုတခြားအရုပ်တွေရှိမှာပါ
အဲရစ် စဉ်းစားရင်း အိပ်ပျော်သွားတော့သည်။ သူ့အိမ်မက်ထဲမှာ သူ့တစ်ကိုယ်လုံးကြိုးထုပ်ကာ ဖျာနှင့်ပတ်ထားသည်။ သူ့အရှေ့မှာ ဒေါသထွက်နေသည့်မျက်နှာနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်။ အဲရစ် တုန်လှုပ်စွာဖြင့် "သခင်မကြီး ကျွန်တော် တောင်းပန်ပါတယ် "
"နင်က ယောက်ကျားတန်မဲ့ အရှက်မရှိ သခင်ကြီးကို မြူစွယ်ရဲတယ် နင်ကြောင့် ငါ့ကို အဖက်မလုပ်တာ နင်ကဘာမို့လို့လဲ အစေခံကောင်ကများသူ့ကို ဆားရည်နဲ့ပက်ပြီးရိုက်စမ်း"
အဲရစ်ကျောပေါ်ကို ကျလာတဲ့ရိုက်ချက်တွေကို အံကြိတ်ကာခံလေသည်။
" ဒီလောက်ရိုက်တာကို အသံတစ်ချက်မထွက်ဘူး နင်တို့ရိုက်တာ အားမပါဘူးလား ငါနင်တို့ကိုရိုက်ရမလား"
အဲရစ်နှုတ်ခမ်းကို ကိုက်ထားတာကြောင့် နှုတ်ခမ်းပေါက်ကာ သွေးထွက်လာသည်။ နောက်ဆုံး သတိလစ်သွားကာ သတိရလို့မျက်လုံးဖွင့်တော့ အခန်းတစ်ခုထဲမှာဖြစ်နေသည်။မသုံးတော့တဲ့ပစ္စည်းတွေ ထားတဲ့နေရာဖြစ်ကာသူ့ကို ဒီမှာလာထားတာဖြစ်မည်။ ကြိုးတွေမရှိတော့ပေ့မယ် ထွက်ပြေးဖို့နေနေသာသာ ခန္ဓာ ကိုယ်က လှုပ်ဖို့အင်အားနည်းနည်းတောင်မရှိ။
တစ်ကိုယ်လုံးကိုက်ခဲကာ ညိုမည်းဆွဲနေသည်။
" အား ကျွတ် ကျွတ် နာလိုက်တာ "
အခန်းတံခါးပွင့်လာကာ သူ့ကိုကြည့်ရင်း တစ်ယောက်ကပြောလိုက်သည်။
" သူလား တစ်ကိုယ်လုံးက ဒဏ်ရာတွေနဲ့ ညိုမည်းဆွဲနေတာ ကုရဦးမယ် နည်းနည်းပဲရမယ်"
အမျိုးသမီးက သူ့နားကပ်ကာ "နင့်လိုအစေခံက ဘာနဲ့တန်လဲဆိုတာသိရမယ်"
" သခင်မ တောင်းပန်ပါတယ် သခင်ကြီးကို တွေ့ခွင့်ပေးပါ သူနဲ့တွေ့ပြီးရင် ကျွန်တော်ထွက်သွားပါမယ်"
" နင်က ဘာမို့လို့ သခင်ကြီးနဲ့တွေ့မှာလဲ
နင်တွေ့ချင်လည်း သခင်ကြီးမရှိဘူး သူခရီးထွက်သွားတာ နင်မမှတ်မိဘူးလား သူပြန်ရောက်ဖို့ အနည်းဆုံး တစ်လလောက်ကြာမယ် သူ့ကိုမြန်မြန်ခေါ်သွားပါ"
အမျိုးသမီးက ပြောလိုက်ကာ ထွက်သွားတော့သည်။