အဲရစ် ကျောင်းပြန်ဖွင့်တော့ ရှီဂျင်းက အကြိုအပို့လုပ်ပေးသည်။ ဟယ်နာနဲ့ဒါဂျောင်းက ကျောင်းပိတ်ရက်မှာ သူတို့လုပ်ခဲ့တာတွေပြောကာ ရယ်နေကြသည်။ ကျောင်းတက်တာတစ်ပတ်လောက်ကြာသည့်အထိ အေးအေး ဆေးဆေးပဲဖြစ်တာကြောင့် သူလည်းပုံမှန်ပဲဖြတ်သန်းခဲ့သည်။
အဲရစ်နဲ့ ရှီဂျင်း ကျောင်းရောက်တော့ လမ်းခွဲကာ အတန်းထဲဝင်လာသည်။ စာသင်ချိန်တစ်ချိန်ပြီးတော့ ဆရာ မဝင်လာသေးတာကြောင့် နားနေတုန်းအတန်းထဲက လူတွေလှုပ်လှုပ်ရွရွဖြစ်ကာ
သူ့ကိုကွက်ကြည့် ကွက်ကြည့်လုပ်နေသည်။
ဟယ်နာက အနားရောက်လာကာ သူ့ဖုန်းကိုအဲရစ်ကိုပေးတာကြောင့် ယူကြည့်လိုက်သည်။
ဓာတ်ပုံတွေ သူနဲ့ရှီဂျင်းနမ်းနေတဲ့ပုံတွေ လက်ကိုင်ထားတဲ့ပုံတွေ တော်သေးတယ် sexပုံတွေမပါလို့
အဲရစ်တုန်လှုပ်ကာ ဘယ်လိုလုပ်ရမလဲ ဟုတွေးနေတုန်း ရှီဂျင်းကအခန်းထဲဝင်လာကာ သူ့ကို ဆွဲထူကာ ပြောလိုက်သည်။
"သူ့ကငါ့ရည်းစားပဲ ဘယ်သူကအဲ့ဓာတ်ပုံဖြန့်လည်းဆိုတာ ဒီကျောင်းမဆင်းခင်သိချင်တယ် မဟုတ်ရင် မင်းတို့အတွက် သိပ်မကောင်းလောက်ဘူး ထပ်ပြီးဒါကိုအပြင်မှာဖွမယ်ဆို ကို့အိမ်က ဘယ်လောက်တောင့်လဲဆိုတာပါ စဉ်းစားထား"
အဲရစ်ကိုခေါ်ကာထွက်လာခဲ့သည်။" ရှီဂျင်းအိုပါး ဘယ်လိုသိတာလဲ"
"ဆန်းဂျူး ပြောတာ ကို့ကိုဘာလို့ဖုန်းမဆက်တာလဲ"
"ကျွန်တော်လည်း ခုမှသိတာ "
"ဘာမှစိတ်မပူနဲ့ ကို့ကိုမကြောက်ရင်တောင်
ကို့အိမ်ကိုဘယ်သူမှ မတွန်းလှန်နိုင်ဘူး ကိုတို့နားနေခန်းကိုသွားရအောင်"အဲရစ် ရှီဂျင်းနောက်ကိုလိုက်လာခဲ့သည်။အစက စိတ်ပူပေမယ့် ရှီဂျင်းကြောင့်ယုံကြည်မှုရှိလာသည်။ ရှီဂျင်းက အရင်ကအရမ်းဆိုးတာအခုအတော်လေး စိတ်လျှော့ထားတာမှန်းသူသိသည်။
နားနေခန်းဆိုတာ သူတို့လိုပိုက်ဆံရှိတဲ့သူတွေအတွက် သီးသန့်နေရာမျိုးမို့ သူတို့လေးယောက်ကလွဲလို့ဘယ်သူမှမရှိပေ။
၁နာရီ ကျော်လောက်ကြာတော့
ဆန်ဝူးက "တရားခံသိပြီ မင်းနဲ့ နှစ်တူတယ် အဲရစ်"
ရှီဂျင်း "ငါသိတယ် သူ့ကိုခေါ်လာခဲ့"
ကျောင်းသားအချို့ခေါ်လာတဲ့သူကိုကြည့်လိုက်တော့ အဲရစ်မှတ်မိသွားသည်။ ရှီဂျင်းနဲ့အိမ်သာမှာ တွေ့တဲ့မိန်းကလေးဖြစ်နေသည်။ ကောင်မလေးမှာ ကြောက်လို့ တဆတ်ဆတ်တုန်
နေသည်။