ပြန်လည်မွေးဖွားသော ချစ်ခြင်း အခန်း ၂၆

214 1 0
                                    

        အဲရစ်တစ်ယောက် မနက်စာပြင်ကာ ရှီဂျင်းကို သွားနိုးလိုက်သည်။ အိပ်ရာပေါ်မှာ မှောက်ခုံကြီးအိပ်နေတဲ့ ရှီဂျင်းတင်ပါးကို အားရပါးရ ရိုက်ချလိုက်သည်။
   
  "အား နာလိုက်တာ အား အချစ် "
 
"  ဒီလောက်တောင် အိပ်ရသလား သူများ မနက်စာတောင် ပြင်ပြီးပြီ"

        ရှီဂျင်း သူ့တင်ပါးကို လက်နဲ့ပွတ်ကာ အကြောက်အလန့်မရှိ သူ့ကိုလုပ်ရဲတဲ့ အကောင်ပေါက်ကိုကြည့်လိုက်သည်။

" ဘာကြည့်တာလဲ မကျေနပ်လို့လား"

  "ကို့ကို နူးနူးညံ့ညံ့ နိုးလို့မရဘူးလား ကိုအချစ်ကိုဘယ်လို နိုးလဲ"

        ရှီဂျင်းစကားကြောင့် အဲရစ်ရယ်နေလိုက်သည်။ ဟုတ်တော့လည်းဟုတ်သည် ရှီဂျင်းကသူ့ကို အလိုလိုက်မှန်းသိလို့ သူကလည်းဆိုးနေတာ
ရှီဂျင်းကသူ့ကို အရမ်းနူးညံ့တာ နိုးရင်တောင်နမ်းပြီး စိတ်ရှည်လက်ရှည် နိုးတာ

"  ကျွန်တော်က ကျောင်းနောက်ကျမှာစိုးလို့လေ စာမေးပွဲက မနက်ဖြန်သဘက်ခါဖြေရတော့မယ်
အပျင်းတစ်နေလို့"
 
"ကို့ဉာဏ်နဲ့ အဲ့ဒါတွေက အေးဆေးပါ "

"ပြောတော့ စာတွေဘယ်လိုမှကျက်လို့မရလို့ အချစ်ရှိမှ ကိုခေါင်းအေးအေးထားကျက်ရမှာဆို
ခုမလိုလည်း ပြန်မယ်"

" အာ ဟုတ်ပါတယ် ကိုမှားတာ ရေချိုးခန်းထဲ သွားတော့မှာ မွ"

" ဟာ ညစ်ပတ်တာ မျက်နှာမသစ်ရသေးပဲ နမ်းပြန်ပြီ ကျောင်းကလူတွေကို ဒီလူကြီးအကြောင်းတွေပြောရင် ယုံမှာတောင်မဟုတ်ဘူး"

        သူ့နောက်မှာ ပွစိပွစိနဲ့ ပြောကျန်နေခဲ့တဲ့အဲရစ်ကို သူရယ်ချင်နေသည်။ စာမေးပွဲပြီးရင် သူဘွဲ့ယူရမယ် ပြီးရင်အလုပ်ဝင်ရမှာမို့ အဲရစ်နားသိပ်မကပ်နိုင်တော့ဘူး အာ့ကြောင့် အခုသူ့အနားမှာ ခေါ်ထားရတာ
         ဒင်းလေးက လူကောင်နဲ့မလိုက်အောင် အရမ်းလက်သန်ပြောင်တာမို့ သူ့မှာအမြဲခံရသည်။ သူကနည်းနည်းလောက်ခြောက်တာနဲ့ ငိုမဲ့မဲ့ဖြစ်ကာ ကိုယ်ပဲအမြဲအလျှော့ပေးနေရသည်။
          ရေချိုးခန်းထဲကထွက်လာတော့ အဲရစ်က
ထမင်းဝိုင်းမှာထိုင်စောင့်နေသည်။ တူတူမနက်စာစားကာ ကျောင်းလာကြသည်။ ကျောင်းရောက်တော့ အဲရစ်ကားပေါ်က ဆင်းမယ်အလုပ် ရှီဂျင်းက လက်ကိုလှမ်းဆွဲသည်။

ပြန်လည်မွေးဖွားသော ချစ်ခြင်း Where stories live. Discover now