အဲရစ် မျက်လုံးအပြူးသားနဲ့ ရှီဂျင်းကို ကြည့်ကာကြောင်နေသည်။ သူကိုမော့ကြည့်ကာ
ဒူးထောက်နေတဲ့ပုံကြောင့် တစ်ကိုယ်လုံး သွေးတွေပြောင်းပြန်လှန်ကုန်သည်။ ဘာသံမှမကြားရဘဲ အခန်းထဲတိတ်ဆိတ်သွားသည်။
ရှီဂျင်း တောင်းပန်ဖူးတဲ့လူက လက်ချိုးရေလို့ရသည်။ ဒါတောင် အဲရစ်ကလွဲပြီး ဘယ်သူကိုမှ စိတ်ရင်းနဲ့မတောင်းပန်ဖူးဘူး။ခုလို ဒူးထောက်ဖို့ဆို ပိုဆိုးသည်။ စကားစရှာမရတာကြောင့် ဘာပြောရမှန်းမသိဖြစ်နေသောသူကို ကြည့်ကာ အဲရစ်က" အိုပါး မြန်မြန်ထပါ အဲ့လိုမလုပ်ပါနဲ့"
" အချစ်မပြန်ဘူးဆိုမှ ထမယ် "
အဲရစ်သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။
" ကျွန်တော်ကို ရေချိုးခန်းထဲ ခေါ်သွားပေးပါ"အဲရစ်ပြောတော့ ထလာကာ အဲရစ်ကိုပွေ့ကာ ရေချိုးခန်းထဲကို ခေါ်လာပေးသည်။ သူ့ကို
ရေချိုးကန်ထဲ မထည့်သေးဘဲ ရေကိုစပ်ပေးပြီးမှ
ဝင်ထိုင်စေသည်။ အဲရစ်ကို သူကိုယ်တိုင်ရေချိုးပေးပြီး အဝတ်ပတ်ကာ ပွေ့ချီပြီး အိပ်ခန်းထဲပြန်ခေါ်လာသည်။ အဲရစ်ကို ဆေးထည့်ပေး အဝတ်ဝတ်ပေးပြီးတော့ အဲရစ်နဖူးလေးကို နမ်းလိုက်သည်။" ကို ရေချိုးလိုက်ဦးမယ် ပြီးရင် မနက်စာ စားကြမယ်"
အဲရစ် ခေါင်းပဲညိတ်လိုက်ကာ စောင်ခေါင်းမြီးခြုံလိုက်သည်။ အဲရစ် ရေချိုးခန်းထဲက
ရေသံကြားမှ စောင်ဖယ်ကာ ထိုင်လိုက်သည်။ညထဲကဆေးထိုးတာရော ဆေးလူးတာရောကြောင့်
သက်သာတာ နို့မို့ဆို သေအောင်နာမှာ
ရှီဂျင်း ဆန်ပြုတ် ပြုတ်ပေးပြီး အဲရစ်ကို ခွံ့ကျွေးလိုက်သည်။ အဲရစ်က ဘာမှမပြောဘဲသောက်တာမို့ သူပြုံးသွားသည်။ အဲရစ်ကတော့ တစ်နေ့လုံး စကားမပြောဘဲ ဆန္ဒပြနေသည်။
ဘွဲ့ယူမှာမို့ ဒီရက်တွေထဲ အလုပ်မသွားဘူး။
အဲရစ်နား အချိန်ပြည့်ကပ်နေလို့ရတာမို့ ရှီဂျင်းက ပျော်ရွှင်နေသည်။ အဲရစ်ကတော့ စိတ် ကောက်မပြေသေးဘဲ ရှီဂျင်းကို လက်ညှိုးထိုးခိုင်းနေတော့သည်။"အိုပါး ရေခပ်ပေး"
"အိုပါး တီဗီremoteရှာပေးဦး"
