ရှီဂျင်း အိမ်ကပြန်လာတော့ ဆူဝန်တို့ကို
ခေါ်ကာ ကလပ်မှာသွားသောက်သည်။
ဆူဝန်က. "ရှီဂျင်း တော်တော့ မင်းသောက်
တာများနေပြီ"
ရှီဂျင်းက. " မင်းငါ့ကို အထင်သေးတာလား
ငါဒီ့ထက်သောက်နိုင်တယ်"
ဆူဝန်က. " မင်းဘာဖြစ်လို့လဲ ပြဿနာရှိလို့
လား မင်းအဖေဆီကပြန်လာတာ
ဆိုတော့ သူနဲ့ပြဿနာတက်လို့လား"
ရှီဂျင်းက. " သူနဲ့က အမြဲ ပြဿနာရှိနေတာ"
ဆန်းဂျူးက. "မင်းရဲ့ ကောင်လေးလေ ဟိုအဲရစ်
ဆိုတဲ့တစ်ယောက်နဲ့ အဆင်မပြေ
လို့မို့လား"
ရှီဂျင်းက. "မင်းဘယ်လိုသိတာလဲ "
ဆန်းဂျူးက. " မင်းသူ့နဲ့တွေ့ပြီး အချိုးပြောင်း
လာထဲက သူက ပြဿနာကောင်
ပဲဆိုတာ ငါသိတယ်"
" အင်း ဟုတ်တယ် အဲ့ကောင်က ပြဿနာကောင် သူကများငါ့ကို ငြင်းတယ် ငါ့ရဲ့လိင်ကျွန်မဖြစ်ချင်ဘူး ပိုက်ဆံလည်းမလိုချင်ဘူးတဲ့ငါက ဘာလို့သူ့ကို တွယ်ကပ်နေရမှာလဲ ငါမလိုချင်ရင်တောင် ပေးချင်တဲ့သူတွေ တပုံကြီး"
ရှီဂျင်း ပြောရင်း မှောက်ကျသွားတော့သည်။" ရှီဂျင်း ရှီဂျင်း သတိထားဦး "
ဆန်းဂျုးတို့နှစ်ယောက် ရှီဂျင်းကိုတွဲကာ သူ့တိုက်ခန်းကိုပြန်ပို့လိုက်ရသည်။ ရှီဂျင်းနိုးလာတော့ အား ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ မျက်လုံးကို အားယူဖွင့်လိုက်တော့သူ့အခန်းထဲမှာဖြစ်နေသည်။
" အား ညက ဟိုနှစ်ယောက်လိုက်ပို့တာနေမှာ " ထမင်းစားခန်းဘက်လျှောက်လာတော့
ဆိုဖာပေါ်မှာ အတုံးအရုံး အိပ်နေကြတဲ့ နှစ်ယောက်ကို တွေ့လိုက်ရသည်။ ရေခဲသေတ္တာကိုဖွင့်ကာ ရေသန့်ဗူးကို မော့ချလိုက်သည်။
ရေချိုးခန်းထဲ ဝင်ကာရေချိုးနေရင်း မနေ့ကအကြောင်းကိုတွေးမိကာ
* ကျစ် သူကို့ဘာလို့စဉ်းစားမိတာလဲ
သူကငါ့ကို ပထမဆုံးငြင်းတဲ့သူပဲ ငါစိတ်တိုတယ် ငါကသူနဲ့ sexလုပ်တာကိုကြိုက်နေတာပဲ*
အဲရစ် အိမ်မက်ကလန့်နိုးလာတော့ တစ်ကိုယ်လုံးကိုက်ခဲကာ ကိုယ်တွေပူချစ်နေသည်။
" အား ခေါင်းတွေကိုက်လိုက်တာ ငါဖျားပြီနဲ့တူတယ်"
အိပ်ယာပေါ်က ကြုံးရုံးထကာ ဖုန်းယူလိုက်သည်။ စဉ်းစားကြည့်ရင် သူကိုရီးယားမှာ ရောက်ထဲက အပေါင်းအသင်းဆိုလို့ ဟယ်နာတို့နှစ်ယောက်ပဲရှိတယ်။ကျောင်းတက်ရက်မို့ သူမတို့ကို လှမ်းခေါ်ရမှာ အားနာနေသည်။