အဲရစ်ကို ရှီဂျင်းဖုန်းဆက်ပြီးထဲက တစ်ခါမှမဆက်တော့ အဲရစ်ကို သူငြီးငွေ့သွားတာလဲဖြစ်နိုင်သည်။ သူဖုန်းမဆက်ရဲလို့ မက်ဆေ့ပို့တော့လည်း ပြန်မပြောတာကြောင့် ပိုသေချာသွားသည်။ သူတို့ ပြင်သစ်ကပြန်တာဆို တစ်လကျော် နှစ်လလောက်ရှိနေပြီပဲ သူနောက်တစ်ယောက်ရနေလောက်ပြီ
အဲရစ်ကို့အတွေးနဲ့ကို ဝမ်းနည်းကာ မျက်ရည်ကအလိုလိုကျလာသည်။ အဲရစ်အရင်က ကောင်မလေးတွေကို အပျော်စနောက်တာကလွဲရင် ရည်းစားထားဖူးတာမဟုတ် ရှီဂျင်းနဲ့တွေ့ပြီး gayသွားထဲက အခြားဘယ်သူကိုမှရင်မခုန်တော့ဘူး။ အခုဆို ငါဘာလုပ်ရမလဲ ။🎵🎶🎶🎶🎵🎶🎶🎵
အဲရစ်ဖုန်းသံကြောင့် ကြည့်လိုက်တော့ သူမသိသောဖုန်း ပြည်တွင်းကမို့အိမ်ကလူတွေကိုဆက်တာဖြစ်မယ်။ သူဖုန်းကိုင်လိုက်ကာ
"ဟယ်လို ဟယ်လို" အဲရစ်စိတ်တိုလာသည်။ တဖက်ကဘာမှမပြောတာမို့
"ဘာမှမပြောရင်လည်း ကျွန်တော် ဖုန်းချလိုက်တော့မယ်"
"စိတ်ကြီးပဲ အချစ်က ကိုယ်ပါ" တစ်ဖက်ကရယ်သံနှောကာပြောတာမို့ သူကြောင်သွားသည်။ ဘယ်လိုဖြစ်နေနေ သူရှီဂျင်းအသံကို မမှတ်မိပဲနေမလား" အိုပါး ဘယ်ကဆက်နေတာလဲ"
" ကိုလား မင်းတို့အိမ်ရှေ့မှာ "
အဲရစ်အိမ်ရှေ့ကိုကြည့်လိုက်တော့ ရှီဂျင်းက ပြုံးပြီးပြောလိုက်သည်။
" မြန်မြန်လာလေ ဘာရပ်ကြည့်နေတာလဲ"
အဲရစ်ပြေးသွားကာ ရှီဂျင်းကို အားရပါးရဖက်လိုက်သည်။ ရှီဂျင်းကလည်း ပြန်ဖက်လိုက်တော့သည်။
" အိုပါး ဘာလို့ ကျွန်တော်စာတွေမပြန်တာလဲ ကျွန်တော်ဘယ်လောက်ဝမ်းနည်းရတယ်မှတ်လဲ ကျွန်တော်ကို ငြီးငွေ့သွားပြီမှတ်လို့ "
" ကိုက လေယာဉ်စီးနေတာမို့ စက်ပိတ်ထားတာ အရင်ကစာတွေကကိုမပြန်တာက မင်းကို
suprise လုပ်မလို့လေ"" မသိဘူး ကျွန်တော်ကိုဝမ်းနည်းအောင်လုပ်တာ မကျေနပ်ဘူးနော် အိုပါး"