3

24.3K 3.1K 160
                                        

အိပ်ယာပေါ်မှာ ခြေကားယား လက်ကားယားနဲ့  ပိုးလို့ ပက်လက် အိပ်နေတဲ့ ဇ က
ရုပ်နဲ့ နာမ် ကွဲနေပုံကြသည်။ မျက်လုံးအစုံသည် မျက်တောင်ခတ်ဖို့ မေ့လျော့စွာ မျက်နှာကြပ်ကို အဓိပ္ပါယ်မဲ့ ငေးမောနေမိသည်မှာ အချိန်အတော်ကြီးကြာနေ၏။ စားလဲဒီစိတ်သွားလဲ ဒီစိတ်ကြောင့် ဖိုက်တာကြီးမောင် ဇ  ရူးသလိုလို ကြောင်သလိုလို ဖြစ်နေ၏။ ထိုကလေးလေးဆီက ပြန်ရောက်လာတာ သုံးရက်ရှိနေပီ။ ကိုယ့်ဘာသာဖြေသိမ့်နေပေမဲ့ အဖြူ ရောင်မျက်ဝန်းလေး ရဲ့ငွေ့ ရည်ဖွဲ့ နေတဲ့မျက်ဝန်းအကြည့်တို့ ကာ ဘယ်ဘက်ရင်အစုံကိုတည့်တည့်ထိ၏။ အားကိုးတကြီးမော့ကြည့်လာတဲ့
အကြည့်လေးက မျက်နှာကြပ်ပေါ်မှာပေါ်လာတာကြောင့်  ဇ  ပြုံးဖြီးဖြီးဖြစ်သွား၏။

" ဟီး ချစ်စရာလေး "

အမှတ်တမဲ့ ထွက်သွားတဲ့ ကိုယ့်အသံကို
ဇ သတိပြု မိသွားပီး ပြုံးမိသွားတဲ့ ပါးစပ်ကိုတဖြန်းဖြန်းပိတ်ရိုက်လိုက်သည်။

"သတိထားစမ်း  ဖိုက်တာကွ ဖိုက်တာ "

ကိုယ့်ဘာသာသတိအထပ်ထပ် ပေးပေမဲ့  ကုတင်ပေါ် ဇ  အိပ်နေတဲ့ဘေးမှာ ငုတ်တုတ်လေးထိုင်နေတဲ့ ကလေးလေးက ပေါ်လာပြန်တာကြောင့် ဇ ကုတင်ပေါ်က ဝုန်းတိုင်းကြဲ ဆင်းပြေးလိုက်သည်။
အတော်ဝေးဝေးရောက်မှ ပြန်လှည့်ကြည့်လိုက်တော့မရှိတော့ပီမို့ သက်ပြင်းချကာ ဘေးလှည့်ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာထိုင်မော့ကြည့်နေတဲ့ ကလေးလေး။

" အဖေ ရေ သားကို ကယ်ပါအုန်းဗျ "

ဇ  အဖေဦးထွဋ်တင်ကို  တ,ပီးကုတင်ပေါ်ပြန်ပြေးတက်ကာ စောင်ခေါင်းထိဆွဲခြုံကာ အားယားမှောက်အိပ်လိုက်သည်။
ရူးပီ။ ဖိုက်တာ ဇ  တစ်ယောက် ဖိုက်တာဂေးဖြစ်သွားပီ။

ringtone …

စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းသံကြောင့်
ဇ  တဖြည်း ဖြည်း စောင်ဖွင့်ကြည့်လိုက်တော့ ကလေးလေးမရှိတော့။
ထိုအခါမှ သက်မောချကာ စောင် ကို ဆွဲခွာပီး ဖုန်းကောက်ကိုင်လိုက်တော့
ဒေဝါ ဖြစ်နေ၏။

"အေးပြော "

"ပြောလုပ်မနေနဲ့   ဟိုကောင် ဂျပု မနက်က  လမ်းမှာတွေ့ တော့ ထေ့သလိုငေါ့သလို လုပ်နေလို့  ချိန်းလိုက်တယ်။ အဲ့ဒါမင်းလိုက်ခဲ့ အဲ့ကောင်ကိုမှတ်လောက်သားလောက် ပညာပြန်ပေးရမယ်။  "

    ဇ  ( Completed)Tempat cerita menjadi hidup. Temukan sekarang