37

6.2K 400 1
                                    

" သား အိမ်ခန ပြန်နားလိုက်လေ ။ မင်း အမေသက်သာပါတယ် ။ စိတ်ပူစရာမလိုတော့ဘူး "

ဆေးရုံVIPခန်းမို့  ဧည့်သည်လာရင်ထိုင်ရအောင် ထည့်ပေးထားတဲ့ ဆိုဖာ ပေါ်မှာ  နောက်မှီထိုင်နေတဲ့ ဇ  ကခြေပစ်လက်ပစ်။  ပင်ပန်းနေတဲ့ သားပုံစံကြောင့် ဦးထွဋ်တင် တမင်နားခိုင်းလိုက်တာပင်။ တကယ်လဲ ချယ်ရီ က စိုးရိမ်ရလောက်အောင်ထိ မဖြစ်တော့တာမို့   သူရော သားရော နှစ်ယောက်စောင့်ပေးရလောက်အောင်ထိ မလိုအပ်တော့ပေ။

"ဒါဆိုလဲ ကျွန်တော်ခန ပြန်အုန်းမယ်။ အရေးအကြောင်းဆို ဖုန်းဆက်လိုက်ဖေဖေ"

"အေး အိပ်ယာထဲ ဝင်ခွေမနေနဲ့ အုန်း ။ ထမင်းလေးဘာလေးစားအုန်း "

ခေါင်းအသာညိမ့်ပြသွားတဲ့ ကိုတိုင်းက
လေဆိပ်ကနေ တခါထဲလာခဲ့တာမို့ ပါလာတဲ့ luggageကိုဆွဲပီး ထွက်သွား၏။
ဒီကလေး ဘာတွေများဖြစ်လာတာတုန်း။
မျက်နှာမသာမယာဖြစ်နေတဲ့ သားကိုကြည့်ပီး စိတ်မသက်မသာ ဖြစ်လာတာမို့  အိပ်ပျော်နေတဲ့ မိန်းမဖြစ်သူ နန်းချယ်ရီကိုသာ အကြည့်တို့ ပို့ လိုက်၏။ 

-
-
-
-
-
-

"ဘုန်း"

ပစ်ချလိုက်တဲ့ Luggageက ကြမ်းပေါ်မှာ ပိုးလို့ ပက်လက် ။  အခန်းကိုဝေ့ကြည့်လိုက်တော့ သူမရှိတာတောင် သန့် ရှင်းရေးဝင်လုပ်ထားသည်ထင် သန့် ရှင်းတောက်ပြောင်နေ၏။

အမဲရောင်အိပ်ယာထက်မှာ ငြိမ်သာစွာ
ဝင်လှဲလိုက်ရင်း ပါးပေါ်မှာ မျက်ရည်တစင်းဖြတ်ပြေးသွား၏။
ဖေဖေမှာလိုက်တာကို သတိရပေမဲ့
ခြေတွေလက်တွေကို မသယ်ချင်လောက်အောင် စိတ်ရောလူရော နူန်းခွေနေ၏။

မတွေးချင်ပေမဲ့ စိတ်က လူလူ့ ဆီရောက်သွားတာကြောင့် မျက်လုံးကို တင်းတင်းမှိတ်ပီး အတွေးတွေကိုမောင်းထုတ်ပစ်လိုက်သည်။ 

"ချီးပဲ "

ခန္ဓာကိုယ်ကိုမှောက်အိပ်လိုက်ပီး ဘယ်လိုမှ ပျောက်ပြယ် မသွားတဲ့ လူလူ့ ပုံရိပ်တွေကြောင့်အသံတိတ်ဆဲလိုက်၏။

သူ့ ကြောင့်ဖြစ်ခဲ့တာမှန်ပေမဲ့ လူလူ့ အတိတ်မေ့ သွားတာနဲ့  နှလုံးသားထဲက အချစ်တွေမေ့ သွားတာကို  မဆိုင်ဘူးလို့ အတ္တဆန်ဆန်ပဲတွေးလိုက်သည်။ 
လူကိုဘယ်လောက်မေ့မေ့ အတွေ့ အထိ နဲ့ အမူအကျင့်က မရင်းနှီးလောက်အောင်
စိမ်းသက်စရာမှ မလိုတာ။ မရေမရာနဲ့ မကျေနပ်ချက်တွေကို တွေးပီး လူလူ့ ဆီကိုစိတ်ကပြန်ရောက်သွားသည်။

    ဇ  ( Completed)Where stories live. Discover now