" ဘာ! ကျောင်း ပြန်တက်မယ် …
ဟုတ်လား ?"ဒေဝါ မယုံနိုင်သလို ဇ ကိုကြည့်မိလိုက်သည်။ တတိယနှစ်မှာ တစ်နေလို့  မနှစ်ကပဲ ကျောင်းမတက်တော့ပါဘူးဆိုလို့ 
ကိုယ်ပါ ပျင်းတာနဲ့  မတက်တော့တာ။ ခုမှ
ဘာအရူးထနေတာလဲ ။ သွားတက်ရင် ရှက်စရာကြီး ကလေးတွေကြားထဲ မှာ
မကြီးမငယ်နဲ့ ။"ဟုတ်တယ်လေ …ဘွဲ့ လေးတော့ ရအောင်ယူမလားလို့  ။ "
ကြီးကြီးကျယ် ကျယ် တွေပြောနေတဲ့
သကောင့်သား ကို တွေ့ တာနဲ့ ကောက်ထုလိုက်ရင် နာအုန်းမယ်။"ဟေ့ကောင် မင်းအပိုတွေ ပြောမနေနဲ့ 
ဘာဂွင်ရှိလို့ လဲ ? အေး …ခုကတည်းက မင်းအမှန်တိုင်းပြောရင် ကောင်းမယ်နော် ဇ ။
ငါထင်တာကတော့ ဟိုတနေ့ က ကလေးလေးနဲ့ များ ဆိုင်သလား လို့  "ပီကေဝါးမပျက် မသိချင်ယောင်ဆောင်နေတာမို့  ဒေဝါ ဒီလောက်ဆို သိလိုက်ပီ။
ဘာဆက်ဖြစ်မလဲ သိချင်နေပီ။ ဇ ရဲ့ ကျဆုံးခန်းက ကောင်းကလေးတစ်ယောက်ဆိုတာ သိလိုက်ရတုန်းက သူဘယ်လောက်အံ့သြခဲ့ရလဲ။ ဇ နဲ့ တွဲလာတာ ကလေးဘဝကတည်းက သူ့ ဖက်က သဘောကျလှချည်ဟဲ့ ဆိုတာ မရှိသလောက် ပဲ။
ဂေး လို့ အရင်ကတည်းက သမုတ်ရအောင်လဲ အဲ့လိုလဲ အနေထိုင်မတက် တာမရှိခဲ့။" ဇ အဲ့ဒါလေးက ကလေးလေးရှိသေးတာနော် "
"နောက်လ ဆို ၁၇ပြည့်တော့မှာ "
ပက်ခနဲ ချက်ချင်း ပြောလာတာကြောင့်
ဒေဝါ ပြောလက်စတောင် ရပ်တော့မလို့ ။
ကြည့်စမ်း ဂေးစိတ်ပေါက်လာလို့ လားမသိဘူး ချက်ခြင်းစွာလာလိုက်တာ…" မင်း ကဘယ်လို သိတာလဲ ။ ကြည့်စမ်း
ငါ မသိခင် မင်းထပ်သွားသေးတာလား ""မင်း မသိလဲရတယ် "
"ဟ !မသိလို့ ရမလား? သေချာစမ်းစစ်ကြည့်အုန်း …အနေနီးတယ်လို့ ပြောရအောင်လဲ …မင်းနဲ့  တွေ့ တာ တခါပဲရှိသေးတယ်။
လှလို့ ချော လို့  ကြိုက်တယ်ပြောရအောင်လဲ သေးသေးပိစိ မလှမပလေး "" အဲ့တော့ ဘာဖြစ်လဲ။ "
ပါးစောင်ကို လျှာထိုးပီး ကြည့်လာတဲ့ အကြည့်က သူဟာလေး ထိတော့ နာနေတဲ့ ပုံမျိုး ။ လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ။
YOU ARE READING
ဇ ( Completed)
Romanceစာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖတ်ဖို့ စဉ်းစားစေချင်ပါသည်။ စာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖတ်ဖို့ စဉ်းစားစေချင်ပါသည်။