" ဘာကို တကိုက်လောက်လဲ "" အားးး!"
ပါးစပ်ကို လက်နဲ့ အုပ်ပီးခေါင်းရမ်းပြတာကြောင့် ဇ စိတ်မရှည်စွာ ခါးကနေ ဆွဲမြှောက်လိုက်တော့အလန့် တကြားအော်၏။
ခြေထောက်တိုတိုလေးတွေက ခါးမှာသိုင်းခွလာကာ လက်နှစ်ဖက်က ဇ ပုခုံးကို
ဆုပ်ကိုင်ပီး နှုတ်ခမ်းတစ်ထောင်လောက်စူကာ ရန်လုပ်တော့သည်။"အကိုကြီးက အမြဲ ဇွတ်တရွတ်လုပ်တယ်။ ကျွန်တော် လန့် သွားတာကို တော်တောသဘောကျနေတယ်ပေါ့…ဟုတ်လား"
စူးစိုက်ပီး သေချာကြည့်မိတော့ ရင်မဆိုင်ရဲစွာ တဖက်လှည့်သွား၏။ နှုတ်ခမ်းကတော့ စူ ထားဆဲ။
"ဒီဖက်လှည့်ပီး ကိုယ့်ကိုကြည့်"
"မကြည့်ဘူး "
"ဘာလို့ လဲ "
"အကိုကြီးကိုစိတ်ဆိုးနေလို့ "
"အော်! "
ဇ နှုတ်ခမ်းမဲ့ ကာ ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ စိတ်ဆိုးရင် ဒီလို လုပ်ကြတယ်လား။ ပုခုံးပေါ်က ဖက်ထားတဲ့ လက်ကိုလဲမဖယ်။ ခါးမှာခွထားတဲ့ ခြေထောက်တွေ မသိမ်း။
" အဲ့ဒါ ဘာဖြစ်တာလဲ …ဖြန်း "
ရိုက်ထည့်လိုက်တာအားကြီးနဲ့ ။ ပုခုံးနည်းနည်းဖျင်းကနဲ နာသွားပေမဲ့ အပြုံးမပျက်ပဲ
ဆက် စသည်။"ဘာလုပ်လို့ လဲ ကလေးလေးနော်
ကိုယ့်ဘဲကို ဒီလို နာအောင်ရိုက်ရလား ။""အကိုကြီး အရင်စ တာလေ ။
အရိုက်မခံချင် မစ နဲ့ ဖယ် …ဆင်းမယ် ။ အကိုကြီး ကို စိတ်ကောက်တယ်"အနည်းငယ်ရုန်းလိုက်တာကြောင့်
တင်းတင်း ဆွဲဖက်လိုက်တော့ အားပြင်းသွားပုံရကာ ခါးလေးတောင်ကော့သွား၏။တကယ်တော့ ကလေးလေးက ဇ နဲ့ ယှဉ်ရင် တော်တော်သေးတဲ့ထဲပါသည်။
ဇ ကလူကောင်က ထွားသလို Gymသေချာ ဆော့ထားတာကြောင့် bodyက အသေတောင့်သည်။
အရပ်က အတော်ရှည်သည့်အပြင့် လူက တောင့်ဖြောင့်နေတာမို့ 
ကလေးလေးနဲ့ ဆိုရင် ဆင်နဲ့ ဆိတ်ပမာ။ဆွဲပွေ့ ချီလိုက်ရင် သေးသေးကွေးကွေးလေးမို့  ဆွေ့ ကနဲ ပဲ။ အရပ်ဆိုရင် 5' 5"ကတက်မဲ့ ပုံမမြင်တဲ့ ကလေးလေးက
ဇ ရင်ဘက်နားလောက်မှာ ရင်ခွင်မှီ အရပ်လေးနဲ့  အဆင်ပြေနေ၏။

ESTÁS LEYENDO
ဇ ( Completed)
Romanceစာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖတ်ဖို့ စဉ်းစားစေချင်ပါသည်။ စာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖတ်ဖို့ စဉ်းစားစေချင်ပါသည်။