လူကလေး အလုပ်ချိန် ပီးပီမို့ ဝန်ထမ်းယူနီဖောင်းကို အလျှင်အမြန်လဲဝတ်လိုက်ပီးကျောပိုးအိတ်လေးကိုဂရုတစိုက်ယူလိုက်သည်။ အပြင်မှာ အကိုကြီးလာခေါ်နေပီ ဖြစ်တာကြောင့် အိတ်ကို ယုယုယယပိုက်ကာ ဆိုင်ပြင်သို့ ထွက်လိုက်၏။ ဒီနေ့ ပထမဆုံး လခ ရသည့်နေမို့  လူကလေး
အကိုကြီးအတွက်လက်ဆောင်ပြင်ထားသည်။ခြေလှမ်းတို့ က ဆိုင်အပြင်ကို တိတိပပထွက်လိုက်တာနဲ့  ကားတံခါးကိုမှီပီးစောင့်နေတဲ့ အကိုကြီးကိုတွေ့ သည်။
အကိုကြီးက ဒီနေ့  ဘောင်းဘီတို အနက်နဲ့ တီရှပ် အဖြူ ဗြောင်ပွပွ ကိုဝတ်ထား၏။ ခြေညှပ်ဖိနပ်ကို စီးထားတာ
မို့ ဒီနေ့ ည အကိုကြီးပုံက လုံးဝ လွတ်လပ်ပေါ့ပါးနေ၏။" အကိုကြီး ဒီနေ့ အရမ်းမိုက်နေတယ်"
ထွက်လာကတည်းက ငေးမောပီး
ကြည့်လာတာမို့  ဇ မျက်နှာကိုမော့ပြီးသဘောကျ ရယ်လိုက်သည်။ လက်မလေးပါ ထောင် ပီးချီးမွန်းနေတာမို့  ဒီရူပါဖြောင့် တဲ့ အကိုကြီး ကို အတော်ကြွေသွားပုံရသည်။"မင်းဘဲကြီးပဲ ဒီလောက်တော့ရှိမှာပေါ့"
" အကိုကြီးက လိပ်ကြီးပဲ "
"ဘာလဲ လိပ်ကြီးဆိုတော့မင်းက
မချစ်တော့ဘူးလား ""ဟင့်အင် လိပ်ကြီးလဲ အကိုကြီးမို့ လို့ 
ကျွန်တော်က ချစ်မှာပါ "ဇ ခါးကုန်းကာ ကလေးလေးပါးလေးနှစ်ဖက်ကို ဖျစ်ညစ်ပစ်လိုက်ကာ
"အားရီးဂူး သိပ်အသည်းယား အောင်
လုပ်နေတယ်ပေါ့ ဟုတ်လား ။ မင်းတော့ နာတော့မှာပဲ "အရပ်ရှည်ပေမဲ့ သူများတွေအရပ်ရှည်သလို ပိန်ပိန်ပါးပါး ကလန်ကလားမဟုတ်။ တောင့်ဖြောင့်နေသောကိုယ်က ခါးကို သိုင်းဖက်လိုက်တာနဲ့ မာတောင့်တောင့်
ကြွက်သားတွေက သိသိသာသာ ။စကားပြောရင်လဲ ငုံ့ ကြည့်ပီး ပြောရသည်မို့  မျက်နှာပြင်က မဲနက်နေတဲ့ မျက်ခုံး
ထင်းထွက်နေတဲ့ ယောကျာ်းပီသ လှတဲ့ ပါးရိုး… ဆေးလိပ်သောက်တက်၍အနည်းငယ်ညိုချင်နေတဲ့ နှုတ်ခမ်းသားတို့ ကို မော့ကြည့်တို်င်း မြင်ရသည်က အသက်ရှူမှားဖွယ်။
![](https://img.wattpad.com/cover/259112302-288-k916745.jpg)
YOU ARE READING
ဇ ( Completed)
Romanceစာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖတ်ဖို့ စဉ်းစားစေချင်ပါသည်။ စာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖတ်ဖို့ စဉ်းစားစေချင်ပါသည်။