9

17.3K 2.3K 90
                                    

" အပြင် ထွက်ခဲ့ "

ဝင်လာတဲ့ မက်ဆေ့ လေးကို ဖတ်ပီး  လူကလေး ပြုံးကာ  အပြင်ခိုးထွက်လိုက်သည်။   ဆယ့်နှစ်နာရီထိုးခါနီးပီမို့  တအိမ်လုံး အိပ်မောကျနေသည်မို့  လွတ်လွတ်လပ်လပ်  စကားပြောလို့ ရသည်။  ခုတလော ဖုန်းခနခန ဆက် စာတွေခနခန ပို့ နဲ့ မို့  အကိုကြီးနဲ့  အတော်ကြီးပင် ရင်းနှီးလာခဲ့၏။ ဖုန်းပေးရုံတင်မကဘူး ဖုန်းဘေ ကလဲ မပျက်ရပဲ တော်ကြာနေ တစ်သောင်း တော်ကြာနေ ငါးထောင် ထည့်ပေးလိုက်နဲ့ မို့  လူကလေးအားနာနေရသည်။

မုန့် ဆိုတာလဲ လာတိုင်းပါ ပီး အဝတ် အစား ဖိနပ်နဲ့  အသုံးအဆောင် အတော်များများကိုလဲ ကျောင်းတက်ရင် ဝတ်ဖို့ ဆိုပီး ခနခန ဝယ်ပေးတက်လွန်းလို့  လူကလေးစိတ်ဆိုးရသေးသည်။
တလမ်းလုံး တိတ်ဆိတ်နေတဲ့ အချိန်မှာ ကားနောက်ပေါက်ကို မှီပီး  ဆေးလိပ်သောက်နေတဲ့   အကိုကြီးက လူကလေးထွက်လာတာကို မမှိတ်မသုန် လှမ်းကြည့်နေသည်မို့ အပြေးလေးသွား နှုတ်ဆက် လိုက်၏။

"အကိုကြီး  မိုးချုပ်နေပီကို လာနေသေးတယ်။ ကျွန်တော်က ဖုန်းကြိုဆက်ထားလို့  အကိုကြီးကို စောင့်နေတာ နို့ မို့ ဆို အိပ်တောင်နေပီ "

မကျေနပ်သလိုလေး ဇ ကိုမော့ကြည့်ပီးပြောနေတဲ့ ကလေးလေးကို ပြုံးပီး ပြောသမျှ နားထောင်နေလိုက်သည်။ သောက်လက်စ ဆေးလိပ် ကို  ရှိုက်သွင်းလိုက်ပီးမှ
စကားများနေတဲ့ ကလေးလေး မျက်နှာကို မှုတ်ထုတ်လိုက်၏။ 

"အဟွတ် အဟွတ် …"

ချောင်းတဟွတ်ဟွတ် ဆိုးသွားတာမို့  လက်ထဲက သိပ်မကျန်တော့တဲ့ ဆေးလိပ်တိုကို အဝေးကို လက်ညိုးနဲ့ တောက်လွှတ်လိုက်ပီး အခိုးတွေ ကို ပြယ်လို့ ပြယ်ညား လက်နဲ့ လိုက်ရမ်းထုတ်လိုက်၏။

"Sorry …နောက်ကို ကိုယ်ဆေးလိပ် ဖြည်းဖြည်းချင်းဖြတ်ပါ့မယ်"

"ဟင့်အင် ရပါတယ် ။ အကိုကြီးဆေးလိပ်သောက်တာ ကျန်းမာရေးအတွက် စိုးရိမ်ရလို့  မသောက်ရင်ကောင်းပေမဲ့ ဆေးလိပ်သောက်တဲ့ပုံက အရမ်းမိုက်တော့ ကျွန်တော် သဘောကျပါတယ် "

မီးရောင်သဲ့သဲ့ အကူအညီဖြင့် မြင်ရတဲ့ မျက်နှာလေးသေးသေးလေးကို သဘောတကျ လက်မလေးနဲ့ ဖွဖွပွတ်ကာ

    ဇ  ( Completed)Onde histórias criam vida. Descubra agora